နောက်နေ့ရောက်တော့ မနက်မိုးလင်း နံနက်စောစာ Breakfast ကို Home cook Korean Breakfast လေးစားပြီး အချိန်စောနေသေးတာနဲ့ အနီးအနားတစ်ဝိုက်လျှောက်ကြည့်ဖြစ်ခဲ့ပါတယ်။ တည်းခိုအိမ်နဲ့ သိပ်မဝေးတဲ့ နေရာမှာပဲ Confucius School ဆိုတာလေး စိတ်ဝင်စားစရာသွားတွေ့ပါတယ်။ ဒီပုံလေးတွေကတော့ အပြင်ဘက်နဲ့ အ၀င်ဂိတ်က မြင်ကွင်းလေးတွေပါပဲ။ ခပ်ဆင်ဆင်တွေချည်းပါပဲ ဆိုပေမယ့်လည်းပေါ့။




Jeonju Hyanggyo: Hyanggyo was a local Confucian public educational institution to educate sons of the local Yangban and also a shrine to Confucius during the Joseon Dynasty. It was originally located near Gyeonggijeon and was then moved in 1441 at the foot of Jwasan, West of Jeonju. The presnt buildings were reconstructed on this sot in 1603 during the reign of King Seonjo because the previous place was too far from center of the town. It contains Daeseongjeon where the memorial tablet of Confucius' father is preserved. Dongmu and Seomu where memorial tablet of eighteen Korea Confucian scholars are enshrined. Myeongryundang used as a lecture hall and Dongjae used as a dormitory.
ကမ္ဗည်းစာက အင်္ဂလိပ် ကိုရီးယားနှစ်ဘာသာနဲ့ရေးထားတာပါ။ ကိုရီးယားနိုင်ငံက ကွန်ဖျူးရှပ်ဝါဒကို ယနေ့အထိကျင့်သုံးဆဲဖြစ်တာမို့ ဒီကွန်ဖျူးရှပ်ပညာရေးက ကိုရီးယားသမိုင်းမှာ အရေးပါတဲ့ ကဏ္ဍက အမြဲပါဝင်နေမှာပါ။ ကျောက်စာကို အကျဉ်းချုပ်ပြန်ပြောရရင်တော့ ဒီ Jeonju Hyanggyo ကျောင်းကို ဂျိုဆောင်ခေတ် ကတည်းက တော်ဝင်မိသားစုဝင်တွေရဲ့ သားတွေကို ပညာသင်ပေးဖို့တည်ထောင်ခဲ့တာပါတဲ့။ မူလကတော့ Gyeonggijeon အနီးမှာတည်ထောင်ခဲ့ပေမယ့် 1441 မှာ Jeonju က Hwasan တောင်ခြေဆီကိုပြောင်းရွှေ့ခဲ့ပါတယ် အဲဒီနောက် King Seonjo ဘုရင်လက်ထက်မှာ အဲဒီနေရာက မြို့နဲ့ဝေးလွန်းလို့ ယခုတည်ရှိတဲ့နေရာကို 1603 ခုနှစ်မှာ ပြောင်းရွှေ့တည်ထောင်ခဲ့ပါတယ်။ Confucius နဲ့ သူ့ဖခင်ရဲ့ ကမ္ဗည်းတွေကိုလည်း ပင်မအဆောက်အဦးတွေမှာ ထိန်းသိမ်းထားပါတယ်။ ဘေးနှစ်ဘက်က အဆောင်၂ဆောင်ကတော့ အခန်း ၉ခန်းစီပါပြီး ပညာသင်ကျောင်းသားတွေ အတွက် အဆောင်လည်းဖြစ်ပါတယ်တဲ့။ (ကိုရီးယားတွေလည်း ရှေးတုန်းက ၉ဂဏန်းကို ကောင်းတယ်လို့ ယုံကြည်ပုံရပါတယ်။ မြေအကျယ်ကြီးမှာ နေရာလွတ်တွေအများကြီးရှိနေသေးတာတောင် တစ်ဆောင်ကို ကိုးခန်းပဲဖွဲ့ ထားတာကိုကြည့်ပြီး မှတ်ချက်ချမိတာပါ။) အလည်ခန်းမကိုတော့ Lecture Hall စာသင်ခန်းမအဖြစ်အသုံးပြုပါတယ် လို့ဖော်ပြထားပါတယ်။







Sight Seeing in Jeonju
Jeonju မြို့လေးရဲ့မြင်ကွင်းကတော့ Seoul မြို့တော်ရဲ့မြင်ကွင်းနဲ့ကွာခြင်တိုင်းကွာနေပါတော့တယ်။ Korean Style Housing တွေက နေရာအနှံ့မှာပါပဲ။ Tourist တွေအများကြီးလာတဲ့နေရာဖြစ်တာနဲ့အညီ အရာတိုင်းက ရှေးမူမပျက် ထိန်းသိမ်းထားသလို တစ်ဖက်ကလည်းခေတ်မှီနေပါတယ်။ အိမ်ပုလေးတွေနဲ့ လူနဲနဲ ကားကျဲကျဲ တကယ့်ကိုရှားပါးတဲ့ အရသာလေးကို ခံစားခဲ့ရပါတယ်။ ကားကို တစ်နေရာမှာရပ်ထားခဲ့ပြီး ဒီနေ့မိုးလည်းမရွာ ရာသီဥတုလေးကလည်း လှနေတာမို့ လမ်းတစ်လျှောက် မြင်မြင်ရာကို ဓါတ်ပုံတွေရိုက်ရင်း . . .






































ဒါကတော့ ရိုးရာတိုင်းရင်းဆေးတွေကို ပြထားတာပါ။ အ၀တ်ထုတ်လေးတွေကလည်း မွှေးလို့ ခေါင်းကို ကြည်သွားတာပါပဲ။


အပြင်ဘက်ဈေးတန်းလေးကလည်းမြန်မာပြည်ကအတိုင်းပါပဲ။ ရောင်းကုန်ပဲမတူတာပေါ့။ Nepal ကသူငယ်ချင်းနဲ့ Paraguay နိုင်ငံက သူငယ်ချင်းတွေနဲ့အတူတူရိုက်ထားတဲ့ပုံပါ။

သူတို့ရောင်းတဲ့ လက်ဆောင်ပစ္စည်းတွေထဲမှာ ဘူးသီးခြောက်ကို အလှဆင်ထားတာလေးတွေ စိတ်ဝင်စားစရာပါ။ မြန်မာပြည်မှာ ဘူးသီးခြောက်တွေပေါသလားမမေးနဲ့နော် Creativity လေးထည့်လိုက်ရင် market ဆိုတာ အလိုလိုပေါ်လာမှာပါ။
















စက္ကူလုပ်တဲ့နေရာကပြန်လာတော့ ကိုရီးယားယပ်တောင်လုပ်တဲ့ဆီကို ဆက်လက်ချီတက်ခဲ့ကြပါတယ်။ ယပ်တောင် လုပ်ပြီးသားအကြမ်းကို ရောင်စုံစက္ကူလေးတွေနဲ့ ဂျုံကော်နဲ့ပေးပါတယ်။ ကိုယ့်စိတ်တိုင်းကျ လက်နဲ့ပဲ စက္ကူလေးတွေကို ဖြဲဖြဲပြီး လိုရာဒီဇိုင်းဖော်ပြီး ကပ်ရပါတယ်။ ပေးတဲ့အချိန်ကတိုတာရယ် လက်တွေကလည်း ကော်တွေနဲ့ပေနေလို့ စက္ကူ ယပ်တောင်လုပ်နေတဲ့ပုံလေးတွေတော့မရခဲ့ပါဘူး။










No comments:
Post a Comment