



















World IT Show (2010) ဆိုပြီး Korea နိုင်ငံ Seoul မြို့ပေါ်က Coex Mall မှာ May 25-28 အထိကျင်းပ ပြုလုပ်ခဲ့တာကို WSK, News Letter ကနေတစ်ဆင့် သတင်းရရှိခဲ့တာကြောင့် ဗဟုသုတအဖြစ်သွားကြည့် ဖြစ်ခဲ့ပါတယ်။ အဓိက ခင်းကျင်းပြသထားတာတွေကတော့ 3D Technology တွေချည်းများပါတယ်။ ပန်းချီကားကို နောက်က မီးရောင်နဲ့ background ယူပြီးဖန်တီးထားချက်လေးကတော့ အတော်ကို အနုပညာမြောက်ပါတယ်။ အခြား အဆင့်မြင့်နည်းပညာတွေလည်းပြသထားပေမယ့် ပြပွဲလာတစ်ဦးစီကို ရောင်းချဖို့ရည်ရွယ်ချက်ထက် သတင်း ပေးဖို့နဲ့ အလုံးအရင်းနဲ့ အော်ဒါမှာမယ့်သူတွေ ကုမ္ပဏီသုံးပစ္စည်းတွေက ပိုများနေသလိုပါပဲ။ World IT Show အမည်ခံထားပေမယ့် ကမ္ဘာ့တခြား Brand တွေလည်းလာတော့ပြကြပါတယ် အဖြစ်လောက်ပဲ။ အဓိကနေရာယူပြသသွားတဲ့ကုမ္ပဏီ တွေက တော့ ကိုရီးယားရဲ့ ကမ္ဘာကျော် Conglomerates တွေဖြစ်တဲ့ LG, SK, နဲ့ Samsung တို့ပါပဲ။ Apple က Steve George တို့ တီထွင်ထုတ်လုပ်လိုက်တဲ့ Mobile phone new era အဖြစ် ခေတ်သစ်တစ်ခုကို တည်ထောင် နိုင်ခဲ့တဲ့ လူတိုင်းမက်မော သွားရည်ကျရတဲ့ iPhone ရဲ့ Function တွေကလည်း အံ့သြစရာကို များပြားလှပါတယ်။ iPhone သုံးပြီး တီးဝိုင်းသဖွယ် သရုပ်ပြတီးပြနေကြတာလည်း စိတ်ဝင်စားစရာပါ။ ပရိတ်သတ်ထဲကလည်း စိတ်ဝင်စားတဲ့သူ ၀င်စမ်းပြီး တီးကြည့်လို့ရပါတယ်။ လူတစ်ယောက် ၀င်ကြေး ၀မ် ၅၀၀၀ ပေးပြီးဝင်ရကျိုးနပ်အောင် လျှောက်ကြည့် ဓါတ်ပုံလျှောက်ရိုက်ပြီး ခြေထောက်ညောင်းမှပဲ ပြန်ခဲ့ပါတော့တယ်။
အွန်စောကို မေးခွန်းထူတယ်မပြောနဲ့နော်။ အဲဒီနီနီလေးက ဒူလေးလဲဟင်။ ဆိတ်ဝင်စားတယ်။
ReplyDeleteဘိုလိုတော့ Sex Bomb Girl လေးတွေပေါ့။ ဗမာလိုတော့ မပြန်တတ်ဘူး။
ReplyDelete