
မိုးတွေသည်းနေတဲ့ကြားက ဘုရားဖူးလာသူများရဲ့ မြင်ကွင်းနဲ့ ကျောင်းဝိုင်းအထဲက လှပတဲ့ရှုခင်းတစ်ချို့ပါ။ မိုးကာတွေထီးတွေကလည်း တစ်ခါသုံးသဘောမျိုးနဲ့ ထီးတစ်လက် ၂၀၀၀၊ မိုးကာတစ်ထည် ၂၀၀၀ နဲ့ ၀ယ်ဆောင်းလိုက်ကြတာပဲ။ မိုးတိတ်တော့ တွေ့တဲ့အမှိုက်ပုံးထဲ ပြစ်ထည့်ခဲ့လိုက်ကြတာပါပဲ။









ဒါက ကိုယ့်အဖွဲ့သားအကုန်တော့မဟုတ်ဘူး။ ကိုယ်စိတ်ဝင်စားတဲ့နေရာ ကိုယ့်အစီအစဉ်နဲ့ကိုယ်လျှောက်ကြည့်နေ ကြတာဆိုတော့ စုမိသလောက်လေးပဲ group picture ရိုက်ဖြစ်ခဲ့ပါတယ်။ သူတို့ဆီကအဆောက်အဦးတွေမှာ တံခါးမကြီးတွေနဲ့ တံခါးကွင်းတွေက အရေးပါတယ်လေ။ စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ တံခါးအတော်များများကို အိမ်တွေကအစ နန်းတော်တံခါးတွေအဆုံးအနီရောင်သုတ်လေ့ရှိပါတယ်။ မကောင်းဆိုးဝါးတွေမ၀င်နိုင်အောင်တဲ့။



လိပ်ကို အသက်ရှည်တဲ့ သင်္ကေတအဖြစ်အသုံးပြုပြီး ကျောက်စာတွေဆို လိပ်လေးတွေကထမ်းထားရတာများပါတယ်။ ဒီတစ်ခါတော့ စည်တော်ကြီးကို ထမ်းထားရပါတယ်။ လိပ်ကလေးကို သနားလို့ ခေါင်းလေးပွတ်ပေးခဲ့ပါသေးတယ်။

သူတို့ဆီမှာ ကျောက်တုံးလေးတွေကို ဆင့်ဆင့်ပြီး ကိုယ်လိုရာဆုတောင်းတဲ့ဓလေ့ရှိပါတယ်။ ကိုရီးယားလို 탑 (ထပ်ဘ်) လို့ခေါ်ပါတယ်။ ကိုယ်တင်လိုက်တဲ့ကျောက်တုံးလေးကိုလည်းပြုတ်မကျစေရဘူး သူများကျောက်တုံးဆင့်ထားလေးတွေ လည်းကိုယ့်ကြောင့်မပြိုစေရပါဘူး။ အကယ်၍ပြိုသွားရင် သူ့ဆုတောင်းရော ကိုယ့်ဆုတောင်းရော မပြည့်တော့ဘူးလို့ ယုံကြည်ကြပါတယ်။ ယုံလို့တော့မဟုတ်ပေမယ့် မပြိုနိုင်မယ့် အခြေခိုင်နေတဲ့အပုံလေးကိုရွေးပြီး ကိုယ်လဲကျောက်တုံး ပြားပြားလေးရှာကောက်ပြီး ထပ်ခဲ့ပါသေးတယ်။ ဘာဆုတောင်းခဲ့မှန်းတောင်မသိတော့ပါဘူး။


Great places ! Wish could be there.
ReplyDeleteIt is five hour drive from Seoul. If you want, you can be there.
ReplyDelete