"မိတ်ဆွေ သူငယ်ချင်းများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဒီစာမျက်နှာလေးမှ နွေးထွေးစွာကြိုဆိုလိုက်ပါတယ်"

Saturday, July 17, 2010

Ewha Spring Picnic







ခြေသုံးချောင်းထောက်နိုင်ဖို့ အလယ်က ခြေနှစ်ချောင်းကိုပူးချည်လိုက်တာလေ။ သုံးယောက် လေးချောင်းထောက်ပြေးနည်းလည်းရှိတယ်။ ပိုခက်တယ်။ ချော်လဲတဲ့လူပိုများတာပေါ့။




Ewha Womans University GSIS ကနေ May 25, 2010 မှာ Spring Picnic ထွက်မယ်ဆိုပြီး သေချာစီစဉ်ထားလိုက်ကြတာ နီးမှ မိုးလေ၀သခန့်မှန်းချက်တွေထွက်လာတော့ မိုးရွာမယ့်နေ့ဆိုတာနဲ့ သစ်တောဥယျာဉ်ကိုမသွားကြတော့ပဲ Indoor Picnic ပဲကျောင်းထဲမှာပဲလုပ်ဖြစ်ကြတယ်။ အစကတော့ သိပ်ပျော်စရာကောင်းမယ်မထင်မိဘူး ဒါပေမယ့် ပါမောက္ခတွေအားလုံးလည်း အတော်လေးစုံစုံညီညီလာကြပြီး အဖွဲ့တစ်ဖွဲ့မှာ ပါမောက္ခ ၂ယောက်လောက်ပါတော့ ပိုပျော်စရာကောင်းသွားတာပေါ့။ ဆရာ/မတွေကလည်း လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးပဲ။ Game တွေလည်းကစားကြတယ်။ ဒေါ်ရွှေမာသန်းကတော့ ခြေသုံးချောင်းထောက်ပြေးပွဲမှာ ပထမရတယ်။ ဟား ဟား ဟား . . .

ကဆုန်လပြည့် ဗုဒ္ဓနေ့






























ဆိုလ်းမှာရှိတဲ့ 길상사 လို့ခေါ်တဲ့ ဘုန်းတော်ကြီးကျောင်းမှာ 2010 May 21 ရက်နေ့မှာကျင်းပတဲ့ ဗုဒ္ဓမွေးနေ့ အခမ်းအနားတစ် ခုကို ဖိတ်ကြားခံရတာနဲ့ သူငယ်ချင်းတွေပါခေါ်ပြီး သူတို့ကိုရီးယားရိုးရာ မဟာယနဗုဒ္ဓဘာသာဝင်တွေ ဘယ်လိုကျင်းပကြတယ်ဆိုတာသိရအောင် သွားရောက်ခဲ့ပါတယ်။ မြန်မာပြည်မှာကတော့ ကဆုန်လပြည့်နေ့ကိုကျင်းပတာဆိုတော့ အနောက်တိုင်းပြက္ခဒိန်မှာ သတ်မှတ်ရက်တွေ တစ်နှစ်နဲ့တစ်နှစ်မတူပေမယ့် ကိုရီးယားမှာတော့ နှစ်စဉ် မေလ ၂၁ ရက်နေ့ကို ရုံးပိတ်ရက်သတ်မှတ်ပြီး ပုံမှန်ကျင်းပကြပါတယ်။ အခမ်းအနားကို နိုင်ငံခြားသားတွေအပါအ၀င် အတော်များများလာရောက်ကြပါတယ်။ ကျောင်းဝိုင်းကြီးက အလွန်သာယာပြီး ကျယ်လည်း ကျယ်တော့ ကျောင်းအောက်မှာ သစ်ပင်ရိပ်အောက်တွေမှာ အစုအစုနဲ့ နဲနဲနောနောလူတွေမဟုတ်ပါဘူး။ အဲဒီလူတွေအားလုံးကို ကိုရီးယားထမင်းသုတ် ဘီဘင်မ်ဘပ်ဘ် (비빔밥) ကျွေးပါတယ်။ အပေါ်က အဆောက်အဦထဲမှာတော့ အခမ်းအနားကို formally ကျင်းပပါတယ်။ အခမ်းအနားမှာ လူပုဂိုလ် အသီးသီးနဲ့ ဘုန်းကြီးတွေအသီး သီးမိန့်ခွန်းတွေပြောအပြီးမှာ အခမ်းအနားကိုခေတ္တရပ်နားပြီး သတ်သတ်လွတ် ထမင်းဘူးလေးတွေနဲ့ဧည့်ခံ ပါတယ်။ ခန နားနေတုန်း ခင်းကျင်းပြသထားတဲ့ သတ်သတ်လွတ်စားဖွယ်တွေကို ဓါတ်ပုံလျှောက်ရိုက်ဖြစ်ခဲ့ပါ တယ်။ ဒီမှာက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တွေအားလုံးက သတ်သတ်လွတ်ပဲကျွေးပါတယ်။ ပြင်ဆင်ထား တာလေးတွေကတော့ မျက်စိပသာဒ မှာလှပပြီး အားလုံးက စားချင်စဖွယ်လေးတွေချည်းပါပဲ။ ပြီးတော့ ကိုရီးယား ရိုးရာအတီးအမှုတ်တွေအပြင် စကားပြောလိုက် သီချင်းဆိုလိုက်နဲ့ ဗမာလိုဆိုရင်တော့ အဖေတို့ အကြိုက် ဒို့တွေငယ်ငယ်က ရေဒီယိုမှာ လာလေ့ရှိတဲ့ ဇာတ်ပြောခေါ်မလားအဲဒါနဲ့ ဖျော်ဖြေပါတယ်။ အမျိုး သမီးက ငယ်ငယ်ချောချော အသံကလည်းအလွန်ကောင်းတာမို့ အကုန်နားမလည်တဲ့တိုင်အောင် သဘောကျစရာတော့ ကောင်းခဲ့ပါ တယ်။

Korea Vision Forum








Korea Vision Forum ဆိုပြီး May 13-14, 2010 အထိ Seoul မှာရှိတဲ့ Shilla Hotel မှာကျင်းပပြုလုပ်ခဲ့ပါ တယ်။ တစ်ရက်ကို Section ၃ခုခွဲပြီးကျင်းပခဲ့ရာမှာ ပထမနေ့ Day 1, Section I ကို Present and Future of Korea ဆိုတဲ့ခေါင်းစဉ်နဲ့ပြုလုပ်ခဲ့ပြီး Section II ကိုတော့ 20 Years of German Reunification and Lessons for Korea, Section III ကိုတော့ Road to Peace and Stability on the Korean Peninsula ဆိုတဲ့ခေါင်းစဉ်တွေနဲ့တင်ဆက်သွားခဲ့ပါတယ်။ Section III မှာတော့ အမေရိကန်သမ္မတ Bill Clinton လက်ထက်မှာ American Secretary of the State တာဝန်ယူခဲ့ဘူးသူ Colin L. Powell ကတက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ Day 2 မှာတော့ Section I: Denuclearization, Peace and Democracy on the Korean Peninsula, Section II: Economic Vision for the Korean Peninsula - Integration and Sustainability, Section III: Sharing the Vision of Green Korea ဆိုတဲ့ခေါင်းစဉ်တွေနဲ့စိတ်ဝင်စားဖွယ်တင်ပြသွားခဲ့ကြပါတယ်။ Day 2, Section III မှာ ချန်ဂင်ဇာတ်ကားလို့လူသိများတဲ့ Dae Gang Geum ဇာတ်ကားထဲကမင်းသမီးတစ်လက်ဖြစ်တဲ့ Park Jung-sook ကလည်း မြောက်ကိုရီးယားအမျိုးသမီးတွေအကြောင်းကိုစိတ်ဝင်စားဖွယ်တင်ပြသွား ခဲ့ပါတယ်။

Ewha Global Festival















Ewha Womans University တည်ထောင်ခြင်း ၁၂၄ နှစ်ပြည့်တဲ့အခမ်းအနားတွေကို မေလတစ်လလုံးနီးပါး မျိုးစုံကျင်းပခဲ့တဲ့အထဲမှာ Ewha Global Festival ကလည်းတစ်ခုအပါအ၀င်ဖြစ်ပါတယ်။ အခမ်းအနားကို ကျောင်းရဲ့ Chancellor ကိုယ်တိုင်တက်ရောက်အမှာစကားပြောဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံအလိုက်ခင်းကျင်းပြသ ထားတဲ့ Cultural items တွေကိုလှည့်လည်ကြည့်ရှုခြင်း ကျောင်းသူများနဲ့ဓါတ်ပုံအတူတွဲရိုက်ခြင်း နိုင်ငံတကာက ကျောင်းသူတွေရဲ့ အကမှာ ပါဝင်ကပြခဲ့ခြင်းစတာတွေနဲ့ ဖွင့်ပွဲလေးကော နောက်တစ်နေ့ပြပွဲ မှာပါ အတော်လေးစည်ကားပြီး အောင်မြင်ခဲ့ပါတယ်။ မြန်မာကျောင်းသူလေးတွေရဲ့ပြခန်းကလည်း စိတ်ဝင် စားလို့လာရောက်ကြည့်ရှုတဲ့သူတွေကို မြန်မာအစားအစာ သွားရည်စာတစ်ချို့နဲ့မိတ်ဆက်ပေးခြင်း မြန်မာ ၀တ်စုံဝတ်ပြီးဓါတ်ပုံရိုက်စေခြင်းစတာတွေနဲ့ စိတ်ဝင်စားဖွယ်ကောင်းခဲ့ပါတယ်။ နောက်နေ့အခမ်းအနား အပြီး မှာအကောင်းဆုံး ပြခန်းဆုပေးတော့ မြန်မာနဲ့ထိုင်း ပြခန်းက ဒုတိယအကောင်းဆုံးဆု ၀မ်တစ်သိန်း ကိုလက်ခံရရှိခဲ့ပါတယ်။ စာမေးပွဲတွေ Presentation တွေ Paper တွေနဲ့မအားလပ်တဲ့ကြားက ညီညီ ညွတ်ညွတ်ဝိုင်းဝန်းလုပ်ဆောင်မှုရဲ့ Result ပေါ့။