








June 19, 2010 (Saturday) မှာ Myanmar Students Association in Korea (MSAK) လို့ အမည်ပေးထားတဲ့ ကိုရီးယားရောက်မြန်မာကျောင်းသားများအသင်းရဲ့ ရံပုံငွေကော်ဖီဆိုင်လေးကို ဖွင့်လှစ်ရောင်းချဖြစ်ခဲ့ပါတယ်။ အစစ ဦးဆောင် လှုပ်ရှားသွားတာကတော့ ခါတိုင်းလိုပဲ Sangmyung University က ပါမောက္ခ ဆရာမ Dr. Park Na-youn ပဲပေါ့။ ရံပုံငွေရှာဖို့ အလုပ်အမှုဆောင်အဖွဲ့ အစည်းဝေးစလုပ်ကတည်းကစပြီး လက်မှတ်တွေလုပ် လက်မှတ်တွေရောင်း ဈေးဝယ် ဆိုင်နေရာရှာ အားလုံး ဆရာမ မပါရင်မပြီးတာတွေချည်းပဲမို့ အတော်ကျေးဇူးများပါတယ်။ လက်မှတ်တစ်စောင် ၀မ် ၅၀၀၀ နဲ့ ရောင်းခဲ့တာမို့ နဲနဲဈေးများတယ်ထင်ရပေမယ့် တကယ်တန်းဆိုမများပါဘူး။ ဆရာမကျေးဇူး ကြောင့် ဆိုင်နေရာ အလကားရတာရယ်၊ Sandwich အခု ၃၀၀ ကိုပိုက်ဆံမယူပဲလာပို့ပေးတဲ့သူရှိတာတွေ ကြောင့်သာ အသင်း ရံပုံငွေ အထိုက်အလျောက် ရှာပေးနိုင်ခဲ့ပါတယ်။ ဆိုင်လေးဖွင့်တဲ့နေ့ကတော့ အသင်းသားတွေလည်း တော်တော်လေး တက်တက်ကြွကြွ ၀ိုင်းဝန်းလုပ်ဆောင်ခဲ့ကြလို့ မမေ့နိုင်စရာ ပျော်ရွှင်စရာကောင်းတဲ့ နေ့လေးတစ်နေ့ဖြစ်ခဲ့ပါတယ်။ သံရုံးကနေ မြန်မာမှု အနုလက်ရာပစ္စည်း လေးတစ်ချို့ငှားပြီးတော့လည်းဆိုင်လေးကို မြန်မာဆန်အောင်အလှဆင်ခဲ့ကြပါတယ်။ လာရောက်တဲ့ သူတွေကို ကော်ဖီသောက် သက်သက်တင်မဟုတ်ပဲ မြန်မာရိုးရာဝတ်စုံလေးတွေ ၀တ်ကြည့် ဓါတ်ပုံရိုက် တဲ့အစီအစဉ်လေးကလည်း အမှတ်တရမို့ မောတော့မောတာပေါ့ ဒါပေမယ့်မမောဘူးဆိုတဲ့ စိုင်းထီးဆိုင်သီချင်းလေးလိုပါပဲ . . .
No comments:
Post a Comment