





ခြေသုံးချောင်းထောက်နိုင်ဖို့ အလယ်က ခြေနှစ်ချောင်းကိုပူးချည်လိုက်တာလေ။ သုံးယောက် လေးချောင်းထောက်ပြေးနည်းလည်းရှိတယ်။ ပိုခက်တယ်။ ချော်လဲတဲ့လူပိုများတာပေါ့။




Ewha Womans University GSIS ကနေ May 25, 2010 မှာ Spring Picnic ထွက်မယ်ဆိုပြီး သေချာစီစဉ်ထားလိုက်ကြတာ နီးမှ မိုးလေ၀သခန့်မှန်းချက်တွေထွက်လာတော့ မိုးရွာမယ့်နေ့ဆိုတာနဲ့ သစ်တောဥယျာဉ်ကိုမသွားကြတော့ပဲ Indoor Picnic ပဲကျောင်းထဲမှာပဲလုပ်ဖြစ်ကြတယ်။ အစကတော့ သိပ်ပျော်စရာကောင်းမယ်မထင်မိဘူး ဒါပေမယ့် ပါမောက္ခတွေအားလုံးလည်း အတော်လေးစုံစုံညီညီလာကြပြီး အဖွဲ့တစ်ဖွဲ့မှာ ပါမောက္ခ ၂ယောက်လောက်ပါတော့ ပိုပျော်စရာကောင်းသွားတာပေါ့။ ဆရာ/မတွေကလည်း လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးပဲ။ Game တွေလည်းကစားကြတယ်။ ဒေါ်ရွှေမာသန်းကတော့ ခြေသုံးချောင်းထောက်ပြေးပွဲမှာ ပထမရတယ်။ ဟား ဟား ဟား . . .
ရှိတာမှ ခြေနှစ်ချောင်း။ ဘယ်လိုများသုံးချောင်းထောက်ပါလိမ့် ကြည့်ချင်းစမ်းပါဘိ။ ဓါတ်ပုံလေးဘာလေးရိုက်မထားဘူးလား။ ချောချော၊ လှလှလေးတွေတင်ထားပေးနော် အမြဲလာအားပေးနေမယ်။ အွန်စော။
ReplyDeleteအီဒယ်သူတွေက စာဆိုနဲ့လေ။ မလှတဲ့သူ ရှာလို့တောင်မတွေ့ဘူး။ ရုပ်သိပ်မလှလည်း ပြင်ပြင်ဆင်ဆင်လေးတွေနဲ့ဆိုတော့ အီဟွာတက္ကသိုလ် ပတ်ဝန်း ကျင်ကတော့ တကယ့်ကို ရုပ်ရှင်တွေထဲကအတိုင်းပဲ။ မယုံတဲ့သူတွေ လာလည်ကြည့်ကြပါ။ မှန်ရင် မုန့်ဝယ်ကျွေးသွား၊ မမှန်ရင် ပြန်ကျွေးမယ်။
ReplyDelete