


























ဆိုလ်းမှာရှိတဲ့ 길상사 လို့ခေါ်တဲ့ ဘုန်းတော်ကြီးကျောင်းမှာ 2010 May 21 ရက်နေ့မှာကျင်းပတဲ့ ဗုဒ္ဓမွေးနေ့ အခမ်းအနားတစ် ခုကို ဖိတ်ကြားခံရတာနဲ့ သူငယ်ချင်းတွေပါခေါ်ပြီး သူတို့ကိုရီးယားရိုးရာ မဟာယနဗုဒ္ဓဘာသာဝင်တွေ ဘယ်လိုကျင်းပကြတယ်ဆိုတာသိရအောင် သွားရောက်ခဲ့ပါတယ်။ မြန်မာပြည်မှာကတော့ ကဆုန်လပြည့်နေ့ကိုကျင်းပတာဆိုတော့ အနောက်တိုင်းပြက္ခဒိန်မှာ သတ်မှတ်ရက်တွေ တစ်နှစ်နဲ့တစ်နှစ်မတူပေမယ့် ကိုရီးယားမှာတော့ နှစ်စဉ် မေလ ၂၁ ရက်နေ့ကို ရုံးပိတ်ရက်သတ်မှတ်ပြီး ပုံမှန်ကျင်းပကြပါတယ်။ အခမ်းအနားကို နိုင်ငံခြားသားတွေအပါအ၀င် အတော်များများလာရောက်ကြပါတယ်။ ကျောင်းဝိုင်းကြီးက အလွန်သာယာပြီး ကျယ်လည်း ကျယ်တော့ ကျောင်းအောက်မှာ သစ်ပင်ရိပ်အောက်တွေမှာ အစုအစုနဲ့ နဲနဲနောနောလူတွေမဟုတ်ပါဘူး။ အဲဒီလူတွေအားလုံးကို ကိုရီးယားထမင်းသုတ် ဘီဘင်မ်ဘပ်ဘ် (비빔밥) ကျွေးပါတယ်။ အပေါ်က အဆောက်အဦထဲမှာတော့ အခမ်းအနားကို formally ကျင်းပပါတယ်။ အခမ်းအနားမှာ လူပုဂိုလ် အသီးသီးနဲ့ ဘုန်းကြီးတွေအသီး သီးမိန့်ခွန်းတွေပြောအပြီးမှာ အခမ်းအနားကိုခေတ္တရပ်နားပြီး သတ်သတ်လွတ် ထမင်းဘူးလေးတွေနဲ့ဧည့်ခံ ပါတယ်။ ခန နားနေတုန်း ခင်းကျင်းပြသထားတဲ့ သတ်သတ်လွတ်စားဖွယ်တွေကို ဓါတ်ပုံလျှောက်ရိုက်ဖြစ်ခဲ့ပါ တယ်။ ဒီမှာက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တွေအားလုံးက သတ်သတ်လွတ်ပဲကျွေးပါတယ်။ ပြင်ဆင်ထား တာလေးတွေကတော့ မျက်စိပသာဒ မှာလှပပြီး အားလုံးက စားချင်စဖွယ်လေးတွေချည်းပါပဲ။ ပြီးတော့ ကိုရီးယား ရိုးရာအတီးအမှုတ်တွေအပြင် စကားပြောလိုက် သီချင်းဆိုလိုက်နဲ့ ဗမာလိုဆိုရင်တော့ အဖေတို့ အကြိုက် ဒို့တွေငယ်ငယ်က ရေဒီယိုမှာ လာလေ့ရှိတဲ့ ဇာတ်ပြောခေါ်မလားအဲဒါနဲ့ ဖျော်ဖြေပါတယ်။ အမျိုး သမီးက ငယ်ငယ်ချောချော အသံကလည်းအလွန်ကောင်းတာမို့ အကုန်နားမလည်တဲ့တိုင်အောင် သဘောကျစရာတော့ ကောင်းခဲ့ပါ တယ်။
No comments:
Post a Comment