





ခြေသုံးချောင်းထောက်နိုင်ဖို့ အလယ်က ခြေနှစ်ချောင်းကိုပူးချည်လိုက်တာလေ။ သုံးယောက် လေးချောင်းထောက်ပြေးနည်းလည်းရှိတယ်။ ပိုခက်တယ်။ ချော်လဲတဲ့လူပိုများတာပေါ့။




Ewha Womans University GSIS ကနေ May 25, 2010 မှာ Spring Picnic ထွက်မယ်ဆိုပြီး သေချာစီစဉ်ထားလိုက်ကြတာ နီးမှ မိုးလေ၀သခန့်မှန်းချက်တွေထွက်လာတော့ မိုးရွာမယ့်နေ့ဆိုတာနဲ့ သစ်တောဥယျာဉ်ကိုမသွားကြတော့ပဲ Indoor Picnic ပဲကျောင်းထဲမှာပဲလုပ်ဖြစ်ကြတယ်။ အစကတော့ သိပ်ပျော်စရာကောင်းမယ်မထင်မိဘူး ဒါပေမယ့် ပါမောက္ခတွေအားလုံးလည်း အတော်လေးစုံစုံညီညီလာကြပြီး အဖွဲ့တစ်ဖွဲ့မှာ ပါမောက္ခ ၂ယောက်လောက်ပါတော့ ပိုပျော်စရာကောင်းသွားတာပေါ့။ ဆရာ/မတွေကလည်း လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးပဲ။ Game တွေလည်းကစားကြတယ်။ ဒေါ်ရွှေမာသန်းကတော့ ခြေသုံးချောင်းထောက်ပြေးပွဲမှာ ပထမရတယ်။ ဟား ဟား ဟား . . .