"မိတ်ဆွေ သူငယ်ချင်းများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဒီစာမျက်နှာလေးမှ နွေးထွေးစွာကြိုဆိုလိုက်ပါတယ်"

Thursday, August 19, 2010

WSK Camping (First Day July 2, 2010) Article

WSK လေ့လာရေးခရီး (ပထမရက်) ဆောင်းပါး
(ဒီဆောင်းပါးကို ရေးထားပြီး ဓါတ်ပုံတွေနဲ့တွဲထည့်တာမရလို့ ကြာနေတာကနေ အခုတော့ စာသတ်သတ် ပုံသတ်သတ်ထားလိုက်တော့မယ်ဆိုပြီး စာကိုနဲနဲပြန် edit လုပ်ပြီး တင်လိုက်ရပါတယ်။ အဆင်မပြေမှု အတွက် ဆောရီးပါ)


World Students in Korea 3rd Batch တွေအတွက် စခန်းချခရီးကို July 2, 2010 မှာထွက်ဖြစ်ခဲ့ ပါတယ်။ ပထမရက်ကတော့ Hyundai သင်္ဘောကျင်းရှိရာ ကိုရီးယားနိုင်ငံ အနောက်ဖက်ခြမ်းက Yellow Sea လို့ခေါ်တဲ့ ပင်လယ်ဝါကမ်းခြေက Gunsan မြို့လေးဆီကိုဦးဆုံးထွက်ခဲ့ကြပါတယ်။ ခရီးစဉ်တစ်လျှောက်လုံးမှာ PCNB လို့ခေါ်တဲ့ Presidential Council for Nation Branding က Guide လုပ်တဲ့ ၀န်ထမ်းအမျိုးသမီးက အခုသွားနေတဲ့ Express Hiway လမ်းမကြီးရဲ့ သမိုင်းကြောင်းကစလို့ ကိုရီးယားနိုင်ငံရဲ့ ဂုဏ်ယူစရာ ယဉ်ကျေးမှုတွေကို လမ်းတစ်လျှောက်လုံး ရှင်းပြပြီးလိုက်ပါလာခဲ့ပါတယ်။ ကိုရီးယားမှာ Spring, Summer, Fall and Winter ဆိုပြီး နွေဦး၊ နွေ၊ ဆောင်းဦးနဲ့ ဆောင်းဆိုပြီး သိသာထင်ရှားတဲ့ ရာသီဥတုလေးမျိုးရှိတဲ့အနက် နွေမှာက မိုးရွာပါတယ်။ အခုလည်း တိုက်တိုက်ဆိုင်ဆိုင် နှစ်ရက်လေးခရီးထွက်ပါတယ် နှစ်ရက်လုံးမိုးရွာမယ်လို့ Weather forecast မှာဖော်ပြထားလို့ထီးယူ လာခဲ့ပေမယ့် သူတို့က ကြိုတင်ကြေငြာထားတဲ့ ဆင်တူတီရှပ်လေးတွေပေးတဲ့အပြင် မိုးကာအကျီ င်္ rain coat အ၀ါလေးတွေပါ ကားပေါ်ရောက်တာနဲ့ တန်းထုတ်ပေးတာနဲ့ အားလုံးဆင်တူဝတ်ထားကြပါတယ်။ Hyundai သင်္ဘောကျင်းကို ရောက်တော့ မိုးတွေ ရွာနေပါတယ်။ ဒါနဲ့စကားစပ်မိလို့ ပြောပါရစေဦး။ မြန်မာတွေက Hyundai ကို ဟွန်ဒိုင်း လို့အသံထွက်ကြပါတယ်။ မြန်မာတွေမှ မဟုတ်ပါဘူး နိုင်ငံခြားသားတိုင်းဒီလိုပဲအသံထွက်တာပါ။ တကယ်တော့ ကိုရီးယားသံနဲ့ထွက်မယ်ဆိုရင် ဟယော်န်ဒယ်လို့ အသံထွက်ရပါတယ်။ Hyundai ကုမ္ပဏီရဲ့သမိုင်းကြောင်းကို ဖတ်ကြည့်ရင် အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ Hyundai ကိုတည် ထောင်သူက မိရိုးဖလာသူဌေးမျိုးရိုး ကနေဆင်းသက်လာတာမဟုတ်ပဲ နယ်ကနေ ဆိုးလ်ကိုတက်လာပြီး စက်ဘီးလေးစီးပြီး အလုပ်လုပ် ခဲ့ရတာပါ။ "ငွေစသုံးလို့ကုန်တယ် လူစသုံးလို့မကုန်ဘူး" ဆိုသလိုပဲ လူစရှိတဲ့လူဖြစ်တော့ ကုမ္ပဏီကိုထောင်ပြီး ကြီးပွား သွားလိုက်တာ ကိုရီးယားရဲ့ အကြီးဆုံး Conglomerate ထဲမှာတစ်ခုအပါအ၀င်ဖြစ်တဲ့အပြင် ကိုရီးယားကို ကမ္ဘာ့အကြီးဆုံး သင်္ဘောထုတ်လုပ် တင်ပို့တဲ့ နိုင်ငံဖြစ် လာအောင်စွမ်းဆောင်နိုင်ခဲ့သူပါ။ သူ့နံမည်ကတော့ Ju-yung Chung လို့ခေါ်ပါတယ်။ ကိုရီးယားနိုင်ငံဟာ World's Shipbuilding Industry မှာ World's total ship production ရဲ့ 50% ကျော်ကိုထုတ်လုပ်ပေးနိုင်တဲ့ leading country ဖြစ်ပါတယ်။ Hyundai Heavy Industry (HHI) ရဲ့ Korea's East Coast မှာရှိတဲ့ Ulsan (အူလ်ဆန်) မှာရှိတဲ့ သင်္ဘောကျင်းဟာဆိုရင် World's biggest shipyard ကမ္ဘာ့အကြီးဆုံး သင်္ဘောကျင်း ဖြစ်ပါတယ်။
ယခုသွားရောက်လေ့လာခဲ့တဲ့ Korea's West Coast မှာရှိတဲ့ Gunsan Shipyard ကတော့ March 31, 2010 မှာမှ အသစ်စက်စက် တည်ဆောက်ပြီးစီးခဲ့တဲ့ HHI ရဲ့ New investment တစ်ခုဖြစ်ပါတယ်။ မြေအကျယ်အ၀န်း 1.8 million m2 မှာတည်ဆောက်ခဲ့ပြီး Total Investment 1.2 Trillion Won ဖြစ်ပါတယ်။ ကာယ၊ ဥာဏ ၀န်ထမ်းဦးရေ ၃၅၀၀ ရှိပြီး တစ်နှစ်ကို သင်္ဘော ၂၄စင်းဆောက်လုပ်နိုင်စွမ်းရှိပါတယ်။ (Ship building capacity ပေါ့) အမှာစာရရှိထားတဲ့ အတိုင်းသင်္ဘောတွေကို တည်ဆောက်ဖို့ Design စဆွဲတာကစပြီး အမည်ပေးခြင်း (Naming Ceremony)၊ ရေချခြင်း (Launching) နဲ့ Sea trial လုပ်တဲ့အထိ တည်ဆောက်ပုံအဆင့်ဆင့်ကို ရှင်းပြသွားပါတယ်။ ဒီဂွန်ဆန်းသင်္ဘောကျင်းကို 2008 မှာစတင်တည်ဆောက်ခဲ့ပြီး 2010 မှာပြီးစီးခဲ့ပါတယ်။ ၀န်ချီအား 1680 ton Goliath Crane ကြီးတွေကို အရင်က ရုပ်ရှင်တို့ ဓါတ်ပုံတို့မှာပဲတွေ့ဘူးခဲ့တာ အခုမျက်ဝါးထင်ထင်တွေ့ခဲ့ရတော့ အံ့ဘနန်းပါပဲ။ ကျောင်းသားတွေအဖွဲ့ကို ဧည့်ခန်းမမှာ Video နဲ့ပြပြီး သိသင့်တဲ့အချက်တွေကို ရှင်းလင်းပြောကြားပြီး ကားနဲ့ သင်္ဘောကျင်းကိုတစ်ပတ် လျှောက်မောင်းပြပါတယ်။ ရေချထားပြီး တင်ပို့ဖို့အဆင်သင့်ဖြစ်နေတဲ့ သင်္ဘောကြီးတွေကတော့ India ကိုတစ်စင်း Germany ကိုတစ်စင်းပို့ရမှာဖြစ်ပါတယ်။ သင်္ဘောကြီးတွေကို ဆေးသုတ်ဖို့ သုတ်ဆေးကတင် တစ်စင်းကို ပျမ်းမျှ 300,000 liter လောက်အသုံး ပြုရပြီး ငွေတန်ဖိုးဖွဲ့ကြည့်ရင် USD 1.5 million တန်ဘိုးရှိပါတယ်။ သင်္ဘောတစ်စင်းလုံးရဲ့တန်ဖိုးကိုတော့ စဉ်းစားသာ ကြည့်ကြပေတော့ပေါ့။ ထမင်းစားဆင်းချိန်နဲ့ တိုက်ဆိုင်နေလို့ သင်္ဘောကျင်းအလုပ်သမားတွေ အလုပ်ရုံတွေကနေအသီးသီးစက်ဘီးလေးတွေနဲ့စီးပြီး Dining Hall ကိုသွားနေတဲ့ မြင်ကွင်းလေးကို ဓါတ်ပုံရိုက်ယူရင်း ဂွန်ဆန်းသင်္ဘောကျင်းကနေ နေ့လယ်စာစားဖို့ထွက်လာခဲ့ကြပါတယ်။
သင်္ဘောကျင်းကအပြန်လမ်းတစ်လျှောက်မှာ မြင်ရတဲ့ သင်္ဘောဆိပ်က အဆောက်အဦးတွေနဲ့ မြင်ကွင်းတစ်ချို့ကို ဓါတ်ပုံ ရိုက်ယူခဲ့ရင်း နေ့လည်စာ စားမယ့်နေရာကိုရောက်ခဲ့ကြပါတယ်။ နေ့လည်စာကလည်း ဆာဆာနဲ့ တော်တော်အရသာ ရှိရှိစားကောင်းခဲ့ပါတယ်။
နေ့လည်စာသုံးဆောင်အပြီးမှာတော့ Hyundai Wind Turbine Plant ကိုလေ့လာဖို့ထွက်လာခဲ့ကြပါ တယ်။ Wind Turbine Plant ကလည်း Hyundai ရဲ့ရင်းနှီးမြှုပ်နှံမှုအသစ်တစ်မျိုးဖြစ်ပြီး Hyundai Shipyard ကနေ 5.6 km away မှာတည်ရှိပါတယ်။ မြေအကျယ် 132,000 m2 ရှိပြီး ရင်းနှီးမြှုပ်နှံမှုတန်ဘိုး 105.7 Billion Won ဖြစ်ပါတယ်။ Production capacity ကတော့ 600 MW ရှိပါတယ်။ နဂိုက တည်းက ဒို့မြန်မာပြည်မှာလည်း တနေ့ Green and renewable energy ထုတ်ဖို့ဖြစ်လာတဲ့အခါ Wind Energy ရဲ့ Potential တွေကို စိတ်ကူးယဉ်နေခဲ့တဲ့သူဆိုတော့ ဒီစက်ရုံကိုသွားမလေ့လာမှီကတည်းက စိတ်ကူးထဲက လေရဟတ်ကြီးတွေကို သွားလေ့လာရတော့မှာပါလားဆိုပြီး စိတ်တွေတောင် လှုပ်ရှားနေမိခဲ့ပါတယ်။ ရှင်းလင်းဆောင်ခန်းမထဲက Wind Turbine miniature လေးနဲ့ဓါတ်ပုံရိုက်ခဲ့ပြီး ရှင်းပြတာတွေနားထောင်လာခဲ့ပါတယ်။ တာဘိုင်တစ်လုံးရဲ့ Capacity က 1.65 MW ရှိပြီး တနေ့ကို အိမ်ထောင်စု ၈၀၀ ရဲ့ လျှပ်စစ်ဓါတ်အားလိုအပ်ချက်ကို ထောက်ပံ့ပေးနိုင် ပါတယ်။ Wind Speed 3.5-25 kph အတွင်းမှာ လည်ပတ်အလုပ်လုပ်မှာဖြစ်ပြီး အဲဒီထက်နဲသွားရင် များသွားရင် တာဘိုင်က အလုပ်မလုပ်တော့ပဲ အလိုလိုရပ်သွားမှာဖြစ်ပါတယ်။ အဓိကကတော့ Export oriented production ပဲဖြစ်ပြီး ကိုရီးယားရဲ့ အဓိကစွမ်းအင်လိုအပ်ချက် ကိုတော့ Nuclear Reactor တွေကနေပဲထုတ်ပါတယ်။ စွမ်းအင်လိုအပ်ချက်ရဲ့ 5% လောက် ကိုပဲ Wind Energy ကနေရယူပြီး Wind Turbine အများစုကိုတော့ Jeju Island မှာပဲတည်ဆောက် အသုံးပြု လျက်ရှိပါတယ်။
ဂွန်ဆန်းမြို့မှာလေ့လာရေးခရီးစဉ်ပြီးဆုံးတော့ Jeonju မြို့ကိုခရီးဆက်ခဲ့ကြပါတယ်။ ဂျုံးဂျူ Jeonju မှာ 전주한옥마울 လို့ခေါ်တဲ့ ကိုရီးယားစတိုင်ရွာလေးဆီသို့ ကိုရီးယားရိုးရာဆန်အရက် မာကော်လီလုပ်နည်းကိုလေ့လာဖို့နဲ့ ကိုယ်တိုင် လုပ်ကြည့်တဲ့ Self making experience ရယူနိုင်ဖို့ မိုးတွေရွာနေတဲ့ကြားမှာပဲ ရောက်ခဲ့ကြပါတယ်။ ကောင်မလေး ရှင်းပြချက်အရတော့ ဆန်ကိုအရင်ဆုံး တဆေးနဲ့ အချဉ်ဖောက်ထားရပါတယ်။ စဥ့်အိုးကြီးတွေနဲ့ပေါ့။ နောက်သင့်တင့် တဲ့အချဉ်ဓါတ်ပေါက်လာပြီဆိုမှ ဆန်ဖတ်တွေကို စစ်ချလိုက်ရင် Alcohol percent အသင့်သာပါတဲ့ ရိုးရာဆန်အရက်ကို ရပါတယ်။ ကိုယ်တိုင်လုပ် သောက်တတ်ရင်ကြိုက်သလောက်သောက်ပြီး အခုမသောက်နိုင်သေးလဲနောက်မှသောက်ဖို့ ပုလင်းနဲ့ထည့်ယူလာလို့ရပါတယ်။ ကြိုက်တတ်တဲ့လူတွေကျတော့လည်း မျက်လုံးတွေကို အရောင်လက်လို့ပါပဲ။ နောက်ပြီး ၀ိုင်တစ်မျိုးနဲ့ရောလိုက်တော့ ပန်းရောင်ရင့်ရင့် Hybrid drink (ဘယ်လိုခေါ်မှန်းမသိလို့) ကိုလည်း မြည်းချင် တဲ့သူတွေ မြည်းစမ်းခွင့်ရခဲ့ကြပါတယ်။
ဆန်အရက်ကိုလက်တွေ့လုပ်ပြီးတော့ လက်ဆောင်ပေးဖို့ မက်ကောလီနဲ့ အခြားဝိုင်အချို့ကို ၀ယ်ချင်စရာထုတ်ပိုးပြသ ရောင်းချတဲ့နေရာမှာတော့ Packing လေးတွေက attraction ရှိပြီး ဈေးနှုန်းကလည်းအတော် သင့်တင့် တာကို တွေ့ခဲ့ရပါတယ်။
အဲဒီနောက်တော့ Korean style home stay နေဖို့အတွက် စီစဉ်ထားရာနေရာလေးကို ရောက်ရှိခဲ့ကြပါတယ်။ Jeonju ကိုလာတဲ့သူတိုင်း Korean style home stay မနေဘူးရင် မပြည့်စုံဘူးလို့ဆိုပါတယ်။ ခေတ်ပေါ် ဟိုတယ်တွေက တစ်ကမ္ဘာလုံးအနှံ့မှာရှိနေတာပဲလေ။ သူတို့ပြောလည်းပြောစရာပါ။ အိမ်လေးက ရုပ်ရှင်ထဲကအတိုင်းပဲ။ သစ်သား slide door ပေါ့ပေါ့လေးတွေနဲ့ ကြမ်းပြင်မှာ ဒီတိုင်းခင်းအိပ်ခဲ့ကြပါတယ်။ ကျန်တဲ့ရေချိုးခန်းအိမ်သာတွေကတော့ တစ်ခန်းစီမှာ သီးသန့်ပါနေတာလေးက Convenient ဖြစ်စေပါတယ်။ သုံးယောက်တစ်ခန်းမို့ အင်ဒိုနီးရှားကသူငယ်ချင်း နှစ်ယောက် နဲ့အတူတူနေရာချထားပေးပါတယ်။ ကိုယ့်နံမည်လေးတွေက အခန်းထိပ်မှာ သေချာကပ်ထားတာလေးက သဘောကျ စရာပါ။
အခန်းထဲမှာ ပစ္စည်းတွေချခဲ့ပြီးတာနဲ့ ညစာစားဖို့နဲ့ ညနေပိုင်းအစီအစဉ်တွေဆက်ဖို့ စီစဉ်ထားတဲ့နေရာဖြစ်တဲ့ စားသောက်ဆိုင်လေးက အနီးလေးမှာမို့ လမ်းလျှောက်ပြီးပဲလာခဲ့ကြပါတယ်။ မြို့တစ်မြို့မှာ သူ့နေရာအလိုက် ထင်ရှားတဲ့ အစားအစာတွေရှိတာမို့ Jeonju အတွက်နံမည်ကြီးတာကတော့ 전주비빔밥 ဂျုံးဂျူထမင်းသုတ်ပါပဲတဲ့။
စားဖို့စီစဉ်ထားတဲ့ဆိုင်က ယခင်သမ္မတဟောင်း Roe Mu-hyun (노마현 대통련) ကိုယ်တိုင်လာရောက်စားသုံး သွားဖူးတဲ့ နံမည်ကြီးဆိုင်တစ်ဆိုင်ဖြစ်တာကို ဆိုင်ထဲရောက်မှ ဓါတ်ပုံတွေကြည့်ပြီးသိလိုက်ရတော့ တယ်ဟုတ်တဲ့ ငါတို့ ပါလားလို့တွေးမိပါသေးတယ်။ :p

နံမည်ကြီးဆိုင်တစ်ဆိုင်ရဲ့ အဆင့်အတန်းနဲ့လျော်ညီစွာ ကြွေထည်တွေကအစ အကောင်းစားတွေနဲ့ ထမင်းသုတ်ကို တခမ်းတနားပြင်ဆင် ရောင်းချတာကိုတွေ့ခဲ့ရပါတယ်။ ကိုရီးယားထမင်းသုတ်သိပ်မကြိုက်တဲ့သူ တောင် စားခဲ့ရတဲ့ 전주비빔밥 (ဂျုံးဂျူ ဘီဘင်မ်ဘာ့ဘ်) ကိုတော့ မချီးကျူးပဲမနေနိုင်ခဲ့ပါဘူး။
ထမင်းလည်းစားပြီးရော ညနေပိုင်းအစီအစဉ်တွေဖြစ်တဲ့ Short Lecture လေးတစ်ခုနားထောင်ရပါတယ်။ နောက်ပြီး Professional Twitter တစ်ယောက်က How to twit to be in advance life style? ဆိုတဲ့ခေါင်းစဉ်နဲ့ Twitter ရဲ့အသုံးဝင်ပုံတွေကို တခမ်းတနားပြောကြားသွားပါတယ်။ ပြီးတော့ Professional Game Master တစ်ယောက် ရောက်လာပြီး လူတွေကိုအုပ်စုဖွဲ့ပြီး အုပ်စုအလိုက်ထိုင်ခိုင်းပြီး Game မျိုးစုံ စကစားကြပါတော့တယ်။ ဒေါ်ရွှေမာသန်း ပါတဲ့အဖွဲ့ကတော့ ထုံးစံအတိုင်း ပထမပေါ့။ ဆုတွေတစ်ယောက် ၂ခုစီရနေလို့တောင် မရတဲ့သူတွေကို ပြန်ခွဲပေးလိုက် ရပါသေးတယ်။ Game တစ်ခုက ပေးထားတဲ့အချိန်တိုလေးအတွင်းမှာ တွေ့ကရာလူနဲ့ Scissor, rock, paper (가위. 바위, 복) မြန်မာလို ဗိုလ်ကျားသေနပ်လုပ်ပြီး နိုင်ရင် ရှုံးတဲ့လူက ကိုယ်လက်ထဲက sticker တစ်ခုကို မျက်နှာပေါ် ကပ်ပေးကြေး ကစားကြတာပါ။ Sticker အများဆုံးရတဲ့သူကတော့နိုင်တာပေါ့။ ကိုယ်တို့အဖွဲ့က နီပေါက ပထမ ရသွားတယ်လေ။
Game ကစားလို့ပြီးတော့ အခန်းကိုခနမီးမှိတ်ထားပြီး ကိတ်မုန့်အကြီးကြီးကို မီးထွန်းပြီးယူလာပါတယ်။ အားလုံး ၀ိုင်းဆုတောင်း မီးမှုတ်ပြီး ခွဲစားနေတုန်း ဖျော်ဖြေရေးအစီအစဉ်စပါတော့တယ်။
ဖျော်ဖြေရေးအစီအစဉ်ကလည်း တော်အိလျော်အိမဟုတ်ပဲ တကယ့်ကို လေးလေးစားစားနဲ့ တီးမှုတ်ဖျော်ဖြေကြတာမို့ အားလုံးပဲ ကိုယ့်ကိုကိုယ် တယ်ဟုတ်တဲ့ငါတို့ပါလားဆိုတဲ့ ခံစားမှုလေးတွေဖြစ်ပေါ်စေခဲ့ပါတယ် Jeonju ရဲ့ နံမည်ကြီး အရာတစ်ခုဖြစ်တဲ့ ဟန်ဆိုရီ (한소리) ကတော့ အကောင်းဆုံးနဲ့ ဇာတ်သိမ်းအထိ အဲဒီအမျိုးသမီးရဲ့ အဆိုအပြော အမူအရာလေး တွေနဲ့ အားလုံးရဲ့ ဘ၀င်နှလုံးကို သိမ်းကျုံးယူသွားရင်း ဒီနေ့အတွက် အစီအစဉ်တွေ အဆုံးသတ် ခဲ့ကြပါတယ်။
အခန်းပြန်ရောက်တော့ အ၀တ်အစားတွေလဲ ရေမိုးချိုး ဘုရားရှိခိုးပြီး ခနလေးအိပ်ပြီး အခန်းတိုင်းမှာ TV တစ်လုံးစီရှိတာ မို့ 2010 World Cup ရဲ့ လွတ်မသွားသင့်တဲ့ Quarter Final ပွဲစဉ်တစ်ခုဖြစ်တဲ့ Brazil vs. Netherlands ပွဲကို စကန်တာနဲ့ လူးလဲပြီး ထကြည့်ခဲ့ပါတယ်။ ဘောလုံးပွဲလည်းပြီး ရော 1:2 နဲ့ ရှုံးသွားတဲ့ Brazil အသင်းအတွက် စိတ်မကောင်းစွာနဲ့ အိပ်ပြစ်လိုက်တာ မိုးလင်တဲ့ထိ တစ်ချိုးတည်း ဆိုသလိုပါပဲ။ ဘ၀မှာ
တကယ့်ကို မမေ့နိုင်စရာ နေ့ကလေးတစ်နေ့ဖြစ်ခဲ့ပြန်ပါတော့တယ်။:p




















No comments:

Post a Comment