"မိတ်ဆွေ သူငယ်ချင်းများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဒီစာမျက်နှာလေးမှ နွေးထွေးစွာကြိုဆိုလိုက်ပါတယ်"

Friday, August 13, 2010

A Camping to Pocheon City (June 25-27, 2010)

"ဖိုချွန်မြို့သို့ စခန်းချခရီးတစ်ခေါက် . . ."

ကျောင်းပိတ်ကားနီး ရောက်လာတဲ့ email တွေထဲမှာ church တစ်ခုက sponsor လုပ်တဲ့ Pocheon City ကို ၂ညအိပ် ၃ရက်ခရီးဆိုတာ စိတ်ဝင်စားလို့ ဒေါ်အေးသွယ်နဲ့ မြတ်ကိုလှမ်းပြောတော့ သူတို့လည်းစိတ်ဝင်စားတာနဲ့ သူငယ်ချင်းသုံးယောက်အတူလျှောက်ဖြစ်ခဲ့ပါတယ်။ တစ်ယောက်မှ ၀မ်တစ်သောင်းပဲသွင်းရပါတယ်။ Seoul မြို့ Gangnam Area (강남) ဆိုတာ တကယ့် သူဌေးတွေနေတဲ့နေရာလို့သိထားပေမယ့် မရောက်ဖြစ်ခဲ့သေးပါဘူး။ ဒါပေမယ့် အခု Two night three day Camping Program (이박 삼일 프로그람) လေးကိုတော့ Sarang Community Church (사랑교회) က Sponsor လုပ်တာဆိုတော့ Church တည်ရှိရာ Gangnam ဘူတာကို ရောက်ရှိသွားခဲ့ရပါတယ်။ စည်ကား များပြားလိုက်တဲ့ လူတွေဆိုတာ မပြောပါနဲ့တော့။ Shopping ကလည်းပိုက်ဆံ ပေါလို့ကတော့ ၀ယ်ချင်စရာတွေချည်းပါပဲ။ စားသောက်ဆိုင်တွေကလည်း စားချင်စရာပါ။ သူတို့ညွှန်းတဲ့ အညွှန်းက Giordano ဆိုင်နားကနေဘယ်ကွေ့ဖို့ရေး ထားတာ သူတို့က စာလုံးပေါင်းမှားပြီး Zioderno လို့စာထဲမှာရေးထားတော့ Giordano တော့တွေ့ပြီ Zioderno ကတော့ မတွေ့သေးဘူးဆိုပြီး မရှိတဲ့ဆိုင်ကိုလိုက်ရှာနေမိကြလို့ နဲနဲနောက်ကျပြီးမှ Church ကိုရောက်သွားပါတယ်။ ပထမကားတစ်စီးတောင်ပြည့်သွားပြီမို့ ဒုတိယကားနဲ့မှလိုက်ရတော့မယ်ဆိုတော့ သူတို့ပေးတဲ့ စားစရာတွေ အိတ်လေး တွေယူပြီး သူငယ်ချင်းသုံးယောက် အေးအေးဆေးဆေး ခနနားလိုက်ရပါတယ်။



Phocheon City က Seoul ကနေသိပ်မဝေးပေမယ့် မြို့အထွက်မှာကို ကားတွေကြပ်နေလို့ တော်တော်နဲ့ မြို့ပြင်မရောက်နိုင်ပါဘူး။ တည်းရမယ့် ဘုရားကျောင်းရောက်တော့ ရောက်တာနဲ့တပြိုင်နက် ကြိုဆိုရေး အစီအစဉ်စပါတယ်။ အဖွဲ့သားတွေကို အုပ်စုလေးတွေခွဲပေးပြီး international students တွေနဲ့ Korean volunteer တွေကိုအဖွဲ့တိုင်းမှာ ရောထားပေးပြီး ရင်းနှီးမှုရယူစေပါတယ်။ ခရစ်ယန်ဘုရားကျောင်းက လုပ်တဲ့အစီအစဉ်ဆိုတော့ တနေ့ဘုရားဝတ်ပြုခြင်း က သုံးကြိမ်ပါပါတယ်။ ရောက်ရောက်ခြင်းမှာ တစ်ကြိမ်ပေါ့။ ဘုရားသခင်ကိုကျေးဇူးတင်ကြရတာပေါ့။ ဘုန်းကြီးလေးက တော်တော်ငယ်ပါသေးတယ်။ အမေရိကားမှာကျောင်းပြီးလာတာဆိုတော့ ဘိုလိုကလည်း မွှတ်နေတာပါပဲ။



ကြိုဆိုပွဲအပြီး ဘုရားဝတ်ပြုအပြီးမှာ အဖွဲ့အလိုက် နေရာလေးတွေယူကြပြီး ညမအိပ်ခင် စားစရာတွေ ကန်စွန်းဥပြုတ် တွေကျွေးပါသေးတယ်။ အဖွဲ့ဝင်အသီးသီး မိတ်ဆက်ကြပေါ့။ ဒီလိုနဲ့ပဲ ပထမညက ပြီးဆုံးသွားခဲ့ပါတယ်။

ဒုတိယနေ့ မနက်စောအိပ်ယာကထ breakfast စားပြီးတာနဲ့ Game ကစားတာတွေစပါတော့တယ်။ မိုးကလည်း နဲနဲလေး ရွာမလိုဖြစ်နေတာနဲ့ အဆောက်အဦးထဲမှာပဲပထမ စကြပါတယ်။ Lunch မတိုင်ခင်အထိပေါ့။ ဦးဆုံး အဖွဲ့ဝင် အသီးသီးရဲ့ မျက်နှာတွေကို ပန်းချီဆွဲဖို့ပါ။ တစ်ယောက်ကို အစိတ်အပိုင်းတစ်ခုပဲတာဝန်ယူရေးဆွဲရတာပါ။ ကိုယ်က တော့ Hair style တွေဆွဲမယ်လို့တာဝန်ယူလိုက်ပါတယ်။ တစ်ယောက်က မျက်လုံး နောက်တစ်ယောက်က ပါးစပ်နဲ့ မျက်နှာရဲ့ အစိတ်အပိုင်းအသီးသီးကိုလှည့်ပြီးဆွဲလိုက်ကြတာ ပြီးလည်းပြီးရော အတော် ရယ်စရာကောင်းတဲ့ ကိုယ့်ပုံတူ ပန်းချီကားလေးတွေရလာခဲ့ပါတယ်။ ကိုယ့်ပုံတွေကိုယ်ကြည့်ပြီး ရယ်လိုက်ရတာကိုမောလို့ပါ . . .


ဒေါ်အေးသွယ်တို့အဖွဲ့မှာက တကယ့် artist ပါလာတယ်။ သူကမျက်လုံးတာဝန်ယူတာတဲ့ သူတို့အဖွဲ့ဓါတ်ပုံတွေမှာ မျက်လုံးလေးတွေကတကယ်အသက်ဝင်နေတာပါ. . .

ဒုတိယတစ်ခုကတော့ Pastor ပေးလာတဲ့ Bible ထဲက စာပိုဒ်ကလေးတွေကို ပြည့်အောင် သတင်းစာက စာလုံးတွေရှာ ညှပ် ကပ် (Search, cut and paste game) လေးပေါ့။ English လိုက အမြန်ပြီးသွားပေမယ့် ကိုရီးယားလိုကျတော့ Korean newspaper သတင်းစာထဲကနေရှာရတာ မူးနောက်နေတာပါပဲ။ အမြန်ဆုံးပြီးတဲ့အဖွဲ့တော့မဟုတ်ပေမယ့် ဘိတ်ချီးတော့လည်းမဟုတ်ပါဘူး။ ကိုယ်တို့အဖွဲ့ရတဲ့ စာသားက အတော်ရှည်တာကိုး . . .


နေ့လည်စာ စားအပြီး outdoor game တွေဆော့ဖို့အဖွဲ့လိုက်တွေအပြင်ထွက်ရပါတယ်။ ဦးဆုံးကတော့ ကြိုးခုန်တာပါ ပဲ။ သုံးခါခုန်ပြီး အကြိမ်ရေအများဆုံးခုန်းနိုင်တဲ့အဖွဲ့ ပထမပေါ့။ ကိုယ်တို့အဖွဲ့က ဒီနေရာမှာတော့အားမကိုးရဘူး ရှုံးသွား တာနဲ့ ဟင်းချက်ဖို့ recipe ၂ခုထဲက သူများမယူပဲချန်ထားတဲ့ ကြက်ဥလို့ရေးထားတဲ့ label လေးပဲရခဲ့တယ်။ ခုန်နေကြ တာကိုကြည့်ပါလား တစ်ယောက်တစ်ပေါက်ခုန်ချင်သလိုခုန်နေကြတာ အတော်ရီရတယ်။

ဒေါ်အေးသွယ်တို့အဖွဲ့မှာလည်း အမည်းကြီးကအတော်ရီရတယ်။ သူ့ကို ကြိုးခုန်ပါဆို မခုန်ပဲ ကြိုးကိုခွ ထားမှုနဲ့ ၀ိုင်းစကြတာပေါ့။ သူကတော့ ရီနေတာချည်းပါပဲ။

မြတ်တို့အဖွဲ့ရဲ့ စတိုင်ကတော့ တကယ့်ကို ညီညီညာညာ ခုန်ကြမယ့်ပုံပါပဲ ။


ဒုတိယ တစ်ခုက ရေခွက်တွေနဲ့လုပ်ထားတဲ့ မိုင်းတွေကိုရှောင်ပြီး အပေါ်က ရေပူပေါင်းကိုလည်းပြုတ်မကျ အောင် အချိန်အတိုဆုံးအမြန်သွားနိုင်တဲ့အဖွဲ့က ကိုယ်ကြိုက်ရာ recipe ရွေးခွင့်ရှိတာပေါ့။ မိုင်းတော့မနင်း မိပေမယ့် တခြား အသင်း က ကိုယ့်ထက်မြန်နေတော့လဲ ရွေးကျန်လေးပဲယူခဲ့ရတယ်။ ဒီတစ်ခါက ခါကြက်ဥ။

နောက်တစ်ခုကတော့ တကယ့်ကိုပေါက်ပေါက်ရှာရှာ လူတွေကို တစ်ယောက်ပေါင်ပေါ်တစ်ယောက်အိပ်ပြီး ဒူးအားနဲ့ တွန်းတင်ရတာ။ ဒီပွဲမှာတော့ ကိုယ်တို့အဖွဲ့က နိုင်တယ်။






နောက်တစ်မျိုးက လက်ပိုက်ထားပြီး ကိုယ့်အဖွဲ့သားတစ်ယောက်က နောက်ကဖမ်းနေမှာကို ယုံကြည်စွာနဲ့ ဒူးကိုမကွေးစေပဲ ပြစ်လှဲချပြီးအိပ်တဲ့ကစားနည်း။ ဒို့အဖွဲ့က မိန်းကလေးတစ်ယောက်က ဒူးကွေးကျသွားလို့ ရှုံးသွားတယ်။


နောက်တစ်ခုက တစ်ယောက်က မျက်စေ့ပိတ် တစ်ယောက်က ပါးစပ်ပိတ်ပြီး ခြေထောက်ကိုလည်းပူးချည် ထားပြီး Basket ball ကွင်းက basket ရှိတဲ့နားကို နှစ်ယောက်အတူသွားကြပြီး နှစ်ယောက်ပေါင်းပြီး ဂိုးသွင်းရတာ။ လွယ်မလို လိုနဲ့ မလွယ်ပါဘူး။ ဂိုးဝင်တဲ့သူမရှိသလောက်ပဲ။

ဒီတစ်ခုကကျတော့ မျက်စေ့မမြင်တဲ့သူကို စကားပြောလို့မရတဲ့သူက လက်ခုတ်တီးပြီး အသံနဲ့ခေါ်လာပြီး ဂိုးသွင်းစေတဲ့ စကားနည်း။ ဂိုးသွင်းနိုင်တဲ့အဖွဲ့တွေရှိတယ်။ ဒို့အဖွဲ့ကတော့ ၀င်ကာနီးလေးပဲရတယ်။

Game တွေလည်းစုံအောင် ကစားအပြီး Cooking contest လုပ်ရမယ့်နေရာကိုရောက်တော့ အားလုံး မောမောနဲ့ ကိုယ့်အဖွဲ့အလိုက် ခင်းထားတဲ့နေရာလေးတွေမှာ ခြေပြစ်လက်ပြစ်ထိုင်နေကြတဲ့ပုံ . . .


Game တွေကစားအပြီး တစ်ပွဲပြီးတိုင်း အနိုင်အရှုံးပေါ်မူတည်ပြီး ရလာတဲ့ Recipe တွေကလည်း ပေါက်ကရ။ အဲဒီပေါက်ကရကိုမှ ကိုယ့်ဘာသာ တီထွင်ဖန်တီးတတ်တဲ့ အရည်အချင်းနဲ့ပေါင်းပြီး စားကောင်းအောင် တစ်ခုခုချက်ပြီး ဟင်းချက်ပြိုင်ပွဲဝင်ရတာပါ။ ကံကောင်းချင်တော့ အဖွဲ့ထဲမှာ ချက်တတ်ပြုတ်တတ် လုပ်တတ်တဲ့သူတွေပါတယ်။ အလှအပလည်းပြင်တတ်ကြတယ်။ ပထမ၊ ဒုတိယ၊ တတိယကို Pastor နဲ့အဖွဲ့က မြည်းပြီး ဆုံးဖြတ်ပေးတာပါ။ ဆုကိုတော့ နောက်ဆုံး စခန်းသိမ်းတော့မှ ကြေငြာပါတယ်။ ပထမဆုကတော့ နေကြာပန်းပုံနဲ့ omelet fried rice menu ဖြစ်ပါတယ်လို့ကြေငြာလိုက်တော့ တစ်ဖွဲ့လုံးထခုန်ကြတာပါပဲ။ ဆုတော့ရမယ်မှန်းထားပါတယ်။ ပထမတော့ ရချင်မှရမယ်ပေါ့။ ဒါပေမယ့် ဒုတိယနဲ့ တတိယမှာ မပါတော့ ပထမက ငါတို့အဖွဲ့ဖြစ်နိုင်တယ်ဆိုပြီး ရင်တွေခုန်နေကြ တာ တကယ်ရသွားတော့ ပျော်လိုက်တာ။ ဆုကတော့ ဘာမှသိပ်မယ်မယ်ရရ မဟုတ်ပေမယ့် ငါတို့အဖွဲ့ ပထမဆိုတဲ့ ၀မ်းသာကြည်နူးမှုကတော့ ဘာနဲ့မှမလဲနိုင်ပါဘူး။



အခြားအဖွဲ့အသီးသီးရဲ့ ချက်ပြုတ်နေတဲ့မြင်ကွင်းပေါ့
ဒေါ်အေးသွယ်ကလည်း တစ်တပ်တစ်အားချက်ပြုတ်နေလေရဲ့။




မြတ်ကလည်း လက်အိပ်ကြီးစွတ်လို့ ဘာတွေလုပ် နေမှန်းတော့မသိဘူး။ ထမင်းကိုလုံးနေကြတာ။

အဖွဲ့အသီးသီးက ပြင်ဆင်ချက်ပြုတ်လာတဲ့ စားစရာတွေကို အကဲဖြတ်မယ့် Pastor နဲ့ စားဖွယ်အချို့ရဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။


ဒါကတော့ ပထမရသွားတဲ့ ဒို့တွေအဖွဲ့ရဲ့ နေကြာပန်းပုံ ကြက်ဥဖုံးထားတဲ့ ထမင်းကြော်ပဲဖြစ်ပါတယ်။


Barbecue Party ကတော့ ပျော်စရာအကောင်းဆုံးနဲ့ စားလို့အကောင်းဆုံးဖြစ်ခဲ့ပါတယ်။




ကိုယ်ချက်တာတွေလည်းကိုယ်စား barbecue တွေလည်းအ၀စားပြီးရော ဆိုးလ်ကသယ်လာတဲ့ ဖရဲသီး တွေစားရင်း ပိုးလိုးပက်လက်ကို ဖြစ်ကုန်ကြတော့တာပါပဲ။ Game တွေကစားရတာက မော၊ cooking contest ကလည်းမော ဆိုတော့လေ။ စားသောက်ထားတာတွေ အကုန်သိမ်းကောက်ပြီးမှ တည်းခိုရာ ပင်မ Church ကြီးဆီသို့ တစ်လှမ်းခြင်း ပြန်ချီတက်ရပြန်တာပေါ့။ ဒီတစ်ညထပ်အိပ်ပြီးရင်တော့ ပြန်ရတော့မယ် လေ။



စားသောက်ပြီး အပြန်လမ်းလေးနဲ့ Church အဆောက်အဦကြီးတွေနဲ့ အမှတ်တရလေးပေါ့။







အဆုံးသတ် ဒုတိယညမှာ ၀တ်ပြုဆုတောင်းပွဲအပြီး ခြေဆေးမင်္ဂလာသဘောမျိုးလေးကျင်းပပြုလုပ်ပေး ပါတယ်။ သူတို့လုပ်ဆို သလို လိုက်လုပ်လိုက်တာပါပဲ စိတ်ထဲတစ်မျိုးတော့နေသား တစ်ခါမှမလုပ်ဘူးတော့။ အပြန်အလှန် ခြေဆေးပေး ခြေထောက်သုတ်ပေး သူတို့ကလည်း သူတို့ဘုရားကိုရှိခိုး ကိုယ်ကလည်း ကိုယ်ဆုတောင်းပေးချင်တာ ပြန်ဆုတောင်းပေးလိုက်တော့ ပြီးသွားတာပါပဲ။



5 comments:

  1. This trip was very fantastic, we were so happy and got a lot of experiences.

    ReplyDelete
  2. ဟား---ဟား----လက်စသတ်တော့ သူတို့တောင် Church တက်နေတာကိုး။ လက်ဝါးကပ်တိုင်ကြီးနဲ့ အဆောက်အဦးအမှတ်တရတွေ့လို့။ သူတို့ ပြိုင်ပွဲကလည်းကြည့်လို့တော့ကောင်းပါရဲ့ ပထမဆုရတာတောင် ဘာမှလည်းပေးမထင်ဘူး။ အစားအသောက် ပြိုက်မှပဲ ပထမရပေတော့တယ်ပေါ့။ အွန်စောတို့ ဟယွန်းဒယ် (ဘူဆန်မှာ) ကြိုးခုန်ပြိုက်တုန်းက တတိယဆု တောင်နော် အွန်စော စာအုပ်ထဲ့တဲ့ပလပ်စတစ်ဖိုင် ၂ တွဲရတယ်။ တစ်ဖွဲ့ကိုလူဆယ်ရောက်နော်။ အွန်စောလည်း နောက်ထပ်ပြိုင်ခွင့်ရလျှင်ပြိုက်ချင်ပါသေးတယ်။ သီချင်းဆို တာကလွဲလို့ပေါ့။ ဟီး---ဟီး။

    ReplyDelete
  3. Church တစ်ခုရဲ့ Sponsor ပါဆိုမှ တက်ရတော့တာပေါ့။ ဆုကတော့ ဟင်းချက်တဲ့ ကရိယာတန်ဆာပလာလေးတွေပြန်ပေးတာ။ ကိုယ်ကချက်မစား တဲ့လူဆိုတော့ သိပ်တော့အသုံးမတည့်ပါဘူး။

    ReplyDelete
  4. ဆရာမ!
    ဖတ်ရတာနဲ့တင်အပျော်တွေကူးစက်ပါတယ်...စာချည်းပဲလုပ်နေရင်လည်းငြီးငွေ့စရာ..ကြိုက်တယ်အဲလိုမျိုး outing တွေကို..
    ခြေဆေးတာကတော့တစ်ချို့church တွေမှာအခုနောက်ပိုင်းလုပ်တတ်ကြသလို..
    တချို့fellowship program တွေပြီးတဲ့အခါမှာလည်းလုပ်တတ်ကြတယ်..
    အဓိကကတော့နှိမ့်ချခြင်းလက္ခဏာပေါ့..သခင်ခရစ်တော်ရဲ့နောက်ဆုံးညစာစားပွဲမတိုင်ခင်မှာတပည့်တော်တွေကိုပြုခဲ့တဲ့နမူနာကိုယူကြတာပါ...သခင်ခရစ်တော်ကတပည့်တော်တွေရဲ့ခြေကိုဆေးအ၀တ်သုတ်ပြီးတစ်ယောက်အောက်တစ်ယောက်နှိမ့်ချခြင်းနဲ့နေထိုင်ကြဖို့သွန်သင်ခဲ့တာပါ..သူလိုဆရာတောင်တပည့်တွေရဲ့ခြေကိုဆေးနိုင်ရင်အချင်းချင်းဘာကြောင့်မနှိမ့်ချနိုင်ကြရမှာလဲ..ဆိုပြီးတော့ပေါ့..ဒါကြောင့်...နှိမ့်ချမှုသရုပ်နဲ့ပြုလုပ်ကြတာပါ...
    ကျွန်တော်တုန်းကတကယ်ပဲကျွန်တော့်ဆရာရဲ့ခြေဆေးခြင်းကိုခံခဲ့ရတာပါ...အရမ်းမျက်နှာပူအားနာပေမယ့်ဆရာကအပြုံးမပျက်မေတ္တာအပြည့်နဲ့လုပ်ခဲ့လို့အဲဒီဆရာ Samuel Hser ကိုအမြဲလေးစားမိနေခဲ့တယ်...ဘယ်သူ့ခြေကိုဆေးခဲ့ရတာ(ခေါင်းငုတ်ပြီးလုပ်ရတဲ့အတွက်)မမှတ်မိပေမယ့်..ကိုယ့်ကိုဆေးခဲ့သူကိုတော့မမေ့နိုင်ဘူး...ဖတ်ရင်းနဲ့သတိရစေတဲ့အတွက်လည်းကျေးဇူးပါဆရာမ..

    ReplyDelete
  5. ဆရာစောရေ-
    Comment လေးခုမှတွေ့တယ်။ ဟုတ်တယ်သူတို့ရှင်းပြတာနဲ့ မင်းပြောတာနဲ့ ကွက်တိပဲ။ ဟုတ်တယ် သူတို့ကဆုတောင်းရင်း မေတ္တာအပြည့်နဲ့လုပ်ပေးတော့ တခြားခံစားမှုတွေနဲ့မတူတာမျိုး ခံစားခဲ့ရတာတော့အမှန်ပဲ I don't know how to describe. So when I have to do it, i also did it with my sincere heart.

    ReplyDelete