"မိတ်ဆွေ သူငယ်ချင်းများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဒီစာမျက်နှာလေးမှ နွေးထွေးစွာကြိုဆိုလိုက်ပါတယ်"

Friday, August 6, 2010

Global Concert


Seoul Global Center ကနေဆက်သွယ်လာလို့ Global Street Performance အစီအစဉ်အတွက် မြန်မာကျောင်းသားအသင်းကနေ တစ်လမှာ တစ်ရက်လောက် ၂၅ မိနစ်စာ မြန်မာမှုအနုပညာ တင်ဆက်မှုလေးကိုလုပ်ပေးဖို့ သဘောတူလိုက်ရတဲ့နောက်တော့ မလုပ်ရင်လဲလုံးဝမလုပ်ဘူး လုပ်ရင်လည်း တော်ရိလျော်ရိတော့မလုပ်ဘူးဆိုပြီး လေးလေးမွန်၊ ဖြူဖြူအောင် နဲ့ ရဲမင်းဟိန်း၊ အောင်မျိုးသူတို့ကလည်း တစ်တပ်တစ်အား ပါဝင်အားဖြည့်ကြလို့ ဘယ်လိုအစီအစဉ်တွေလုပ်မယ် တိုင်ပင်ကြပြီး ကနိုင်မယ့် သူတွေရှာရ စုဆောင်းတာကစလို့ လိုအပ်တဲ့ ကရင်ဝတ်စုံတွေမြန်မာပြည်ပြန်မှာ ကကွက်ရှာ အကတိုက် စတာတွေကို လေးလေးမွန်နဲ့ ဖြူဖြူအောင်က အစအဆုံးနီးပါးပဲဝိုင်းလုပ်ကြလို့ အစီအစဉ်လေးဖြစ်မြောက်ခဲ့ပါတယ်။ မကချင်ကလည်း ကချင် တစ်ပင်တိုင်ကပေးတယ်။ အောင်မျိုးသူက ရှာပုံတော်မင်းသားကြီးသီချင်းဆိုတာကို လ၀န်းက ကပေးတယ် နောက် လ၀န်းနဲ့ ဇော်ဝင်းထက်ရဲ့ ဦးရွှေရိုးနဲ့ဒေါ်မိုး နောက် ကိုယ်တို့အဖွဲ့သား ၆ယောက်ရဲ့ ကရင်ဒုံးယိမ်း စသည်ဖြင့် တင်ဆက်မှုလေးက မြိုင်မြိုင်ဆိုင်ဆိုင်ပြီးဆုံးသွားခဲ့ပါတယ်။ (ကပြရမယ့်နေရာနဲ့ ဇာတ်ခုံကို မြင်လိုက်ရတဲ့အချိန်မှာ ခံစားလိုက်ရတဲ့ အဖွဲ့သားအားလုံးရဲ့ခံစားမှုလေးတွေကြောင့်လည်း ရသစုံသွားခဲ့ပါတယ်။)
















Global Concert ကပွဲနေ့က အမှတ်တရ ဓါတ်ပုံတစ်ချို့ (June 22, 2010 - Tuesday)

No comments:

Post a Comment