"မိတ်ဆွေ သူငယ်ချင်းများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဒီစာမျက်နှာလေးမှ နွေးထွေးစွာကြိုဆိုလိုက်ပါတယ်"

Sunday, January 15, 2012

သွေးမကြောင်သူ ခွပ်ဒေါင်းများသို့
ပေးဆပ်သူနှလုံးသားဆိုတာ မုသားမှမဟုတ်ခဲ့တာ

အဓိပတိလမ်းမပေါ်က ဘွဲ့နှင်းသဘင်သိဆဲပါ
သိပ္ပံမြက်ခင်းပြင်က သစ်ပုတ်ပင်ရှိဆဲအခါ
ဂျက်ဆင်က သက်သေခံလို့ အင်းယားကန်ကြီးတည်ဆဲပါ…
မရှိတော့တာ အုတ်ခုံပြင်ထက်က တစ်ချိန်က တို့သမဂ္ဂ...
OK - ဆိုစကားတစ်လုံးနောက်မှာ ပြာပုံအဖြစ်အတိလဲကျ…
ဒေါင်းငှက်တွေမီးသင့်လို့ကျူးရင့်လို့အော်မြည်သံ သမိုင်းထက်မှ မတင်ကျန်လဲ
နှလုံးသားထက်ခိုနေပြန် ကြည့်တတ်ရင် မြင်နှိုင်ပါတယ် ယုဒဿန်ကငိုနေဆဲ……..
ကန်ရေပြင်အင်းယားက မကြည်လင်ဘူး နီနေမြဲ…. ကမ္ဘာမကြေဘူးဟေ့
ဥဒါန်းအကြွေးတင်နေဆဲ…..
ခွပ်
ဒေါင်းကစတဲ့ဇာတ်ကို ခွပ်ဒေါင်းမှ ခရာတွင်ခဲ့
ဥဒေတယံ ဂါထာကျူးပြီး ဥဒေါင်းမင်းလိုသဘောလည်းမကောင်း….
တရုတ်ကြိုက်ကတဲ့ဒေါင်းက ဖင်ဟောင်းလောင်းနဲ့ကြည့်လည်းမကောင်း
နေဝန်းနီရှေ့အရပ်မှ မြန်မာပြည်တစ်ခေတ်ပြောင်းမဲ့ဒေါင်း
အချုပ်ကျရန်ဟန်တွေပြလည်း သွေးမကြောင်တတ်တာ ငါတို့ခွပ်ဒေါင်း.....

(PS...
လွတ်မြောက်ကျောင်းသားခေါင်းဆောင်များအားကြိုဆိုဂုဏ်ပြုလျက်....KGK)
Jan 13, 2011 လွတ်ငြိမ်းချမ်းသာခွင့်ကြောင့်လွတ်မြောက်လာသူတွေကို ကြိုဆိုပြီးစပ်ဆိုထားတဲ့ ကဗျာလေးပါ။ EMG ရဲ့ Facebook က comment တစ်ခုမှာတွေ့လို့ ကူးလာပါတယ်။ စာလုံးပေါင်းမှားနေတာလေးတွေပဲ ပြင်ပြီး အမှတ်တရ သိမ်းထားလိုက်တာပါ ...)

No comments:

Post a Comment