စာရေးသူမှာ အစ်ကိုဝမ်းကွဲ လေးယောက်ရှိပါတယ်။ အစ်ကို အကြီးဆုံးက အရင်ဆုံးအိမ်ထောင်ကျပြီး သမီးလေးတစ်ယောက် မွေးထားပါတယ်။ အဲဒီတူမလေး ၄နှစ်အရွယ်မှာ အစ်ကိုနောက်တစ်ယောက်က မင်္ဂလာဆောင်ပါတယ်။ အဲဒီမင်္ဂလာဆောင်မှာ ဂါဝန်လှလှလေးဝတ်ပြီး သူသွားရတာပေါ့။ ဒီလိုနဲ့ သူ့ဦးလေးသုံးယောက်လုံး မင်္ဂလာဆောင်ပြီးရော ဘာပြောတယ်ထင်ပါ သလဲ။ ဦးနီ မင်္ဂလာဆောင်တာလဲ မီးမီးမှတ်မိတယ်၊ ဦးမှန်မင်္ဂလာဆောင်တာလည်း မီးမီးမှတ်မိတယ်၊ ဦးတုတ်မင်္ဂလာဆောင် တာလဲမှတ်မိတယ် ဒါပေမယ့် ဖေဖေမင်္ဂလာဆောင်တာ မမှတ်မိဘူးတဲ့ . . .
(ကိုယ်တိုင်ရေးသားချက်ဖြစ်ပါသည်)
No comments:
Post a Comment