"မိတ်ဆွေ သူငယ်ချင်းများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဒီစာမျက်နှာလေးမှ နွေးထွေးစွာကြိုဆိုလိုက်ပါတယ်"

Tuesday, July 13, 2010

World Students in Korea (WSK) 3rd Batch

Presidential Council on Nation Branding သို့မဟုတ် PCNB လို့အတိုကောက်ခေါ်တဲ့အဖွဲ့အစည်းက ကိုရီးယားမှာလာရောက်ပညာသင်ကြားနေကြတဲ့ ကမ္ဘာအနှံ့က ကျောင်းသား/သူတွေကိုဖိတ်ကြားပြီး သူတို့ နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုတွေနဲ့ မိတ်ဆက်ပေးတဲ့ Forum လေးတစ်ခုရှိပါတယ်။ second batch တုန်းကတည်းက member ၀င်ဖြစ်ခဲ့ပေမယ့် လက်ခိုက်မိသွားလို့ ဆေးရုံတက်လိုက်ရတာနဲ့ Member အဖြစ်ကနေ drop လုပ်ထားလိုက်ပြီး အခု 3rd batch မှာမှအဖွဲ့ဝင်အဖြစ်ပြန်ဝင်ဖြစ်ခဲ့ပါတယ်။ Second Batch Blogger တွေထဲက အကောင်းဆုံးတစ်ယောက်ကို မိမိနိုင်ငံအသွားအပြန်လေယဉ်လက်မှတ်နဲ့ ဒုတိယအကောင်းဆုံး သုံးယောက်ကို digital camera တွေဆုပေးပြီး တတိယအကောင်းဆုံး ၆ယောက်ကို လည်းဆုချီးမြှင့်တဲ့အခမ်းအနားနဲ့ Third batch new members တွေကိုကြိုဆိုတဲ့အခမ်းအနားကို Seoul မြို့ National Museum မှာ 4th May 2010 (Tuesday) မှာပြုလုပ်ခဲ့ပါတယ်။ မြန်မာကျောင်းသားထဲက မိမိအပါဝင် ကျောင်းသား၎ယောက် ပါဝင်ခွင့်ရခဲ့ပါတယ်။ ကြိုဆိုပွဲအပြီးမှာ Museum tour လေးလည်းရှိခဲ့ တာမို့ အတော်လေးပြည့်စုံကောင်းမွန်တဲ့နေ့လေးတစ်နေ့ဖြစ်ခဲ့ပါတယ်။

2 comments:

  1. အဲလိုလေးလဲလုပ်အုံးမှပေါ့နော့။ အလကား စရိတ်ငြိမ်းလည်ပတ်ချင်တာပဲ။ ဒါလောက်တော့ အားစိုက်သင့်ပါတယ်နော့။

    ReplyDelete
  2. ဟုတ်ပ။ မအားတာနဲ့ ပျင်းတာ နဲ့ရောချနေတာ။ ခုတော့ပျင်းနေလို့မဖြစ်တော့ဘူးဆို စလုပ်မိတော့လည်း မရပ်ချင်ပြန်ဘူး။

    ReplyDelete