"မိတ်ဆွေ သူငယ်ချင်းများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဒီစာမျက်နှာလေးမှ နွေးထွေးစွာကြိုဆိုလိုက်ပါတယ်"

Saturday, July 17, 2010

Ewha Global Festival















Ewha Womans University တည်ထောင်ခြင်း ၁၂၄ နှစ်ပြည့်တဲ့အခမ်းအနားတွေကို မေလတစ်လလုံးနီးပါး မျိုးစုံကျင်းပခဲ့တဲ့အထဲမှာ Ewha Global Festival ကလည်းတစ်ခုအပါအ၀င်ဖြစ်ပါတယ်။ အခမ်းအနားကို ကျောင်းရဲ့ Chancellor ကိုယ်တိုင်တက်ရောက်အမှာစကားပြောဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံအလိုက်ခင်းကျင်းပြသ ထားတဲ့ Cultural items တွေကိုလှည့်လည်ကြည့်ရှုခြင်း ကျောင်းသူများနဲ့ဓါတ်ပုံအတူတွဲရိုက်ခြင်း နိုင်ငံတကာက ကျောင်းသူတွေရဲ့ အကမှာ ပါဝင်ကပြခဲ့ခြင်းစတာတွေနဲ့ ဖွင့်ပွဲလေးကော နောက်တစ်နေ့ပြပွဲ မှာပါ အတော်လေးစည်ကားပြီး အောင်မြင်ခဲ့ပါတယ်။ မြန်မာကျောင်းသူလေးတွေရဲ့ပြခန်းကလည်း စိတ်ဝင် စားလို့လာရောက်ကြည့်ရှုတဲ့သူတွေကို မြန်မာအစားအစာ သွားရည်စာတစ်ချို့နဲ့မိတ်ဆက်ပေးခြင်း မြန်မာ ၀တ်စုံဝတ်ပြီးဓါတ်ပုံရိုက်စေခြင်းစတာတွေနဲ့ စိတ်ဝင်စားဖွယ်ကောင်းခဲ့ပါတယ်။ နောက်နေ့အခမ်းအနား အပြီး မှာအကောင်းဆုံး ပြခန်းဆုပေးတော့ မြန်မာနဲ့ထိုင်း ပြခန်းက ဒုတိယအကောင်းဆုံးဆု ၀မ်တစ်သိန်း ကိုလက်ခံရရှိခဲ့ပါတယ်။ စာမေးပွဲတွေ Presentation တွေ Paper တွေနဲ့မအားလပ်တဲ့ကြားက ညီညီ ညွတ်ညွတ်ဝိုင်းဝန်းလုပ်ဆောင်မှုရဲ့ Result ပေါ့။

No comments:

Post a Comment