"မိတ်ဆွေ သူငယ်ချင်းများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဒီစာမျက်နှာလေးမှ နွေးထွေးစွာကြိုဆိုလိုက်ပါတယ်"

Sunday, April 25, 2010

စာဖတ်တဲ့အခါ လျင်မြန်စွာဖတ်မိစေရန် အချက် (၂၀)

ဒီ ကောင်းကင်စာမျက်နှာကိုလာလည်ကြတဲ့ အဖွဲ့ဝင်အများစုက ပညာသင်ယူနေဆဲကျောင်းသားတွေဖြစ်တာမို့ ဖတ်ထားမှတ်ထားတဲ့ မှတ်စုထဲကနေပြန်လည်ဝေမျှလိုက်ပါတယ်။ စာဖတ်တဲ့အခါ Effective reading ဖြစ်အောင် . . .
(၁) ဦးဏှောက်က အရောင်များကိုနှစ်သက်တဲ့အတွက် စာဖတ်/ရေးစဉ် အရောင်များကို သုံးပါ။ အရောင်ရှိစက္ကူလေးများနဲ့မှတ်ပါ။
(၂) မိနစ် ၂၀ ခန့်စာဖတ်ပြီးတိုင် ၁၀ မိနစ်ခန့်နားပါ။
(၃) အကြောင်းအရာတစ်ခုကိ သင်ကြားတတ်မြောက်ပြီးသွားတိုင်း ဦးဏှောက်ကပင်ပန်းသွားတဲ့အတွက် အနဲဆုံး မိနစ် ၂၀ခန့်နားပါ။
(၄) အဟာရရှိတဲ့အစာများများစားပေးပါ။
(၅) ရေငတ်နေလျှင် စာကိုအာရုံမစိုက်နိုင်လို့ စာဖတ်နေစဉ် ရေများများသောက်ပေးပါ။
(၆) မေးခွန်းများထုတ်ပြီး လေ့လာပါ။
(၇) ဦးဏှောက် နိုးကြားတက်ကြွနေစဉ် စာကိုလေ့လာပါ။
(၈) စာဖတ်စဉ် ခန္ဓာကိုယ်ကို ပျော့ခွေမထားပါနဲ့။ ခန္ဓာကိုယ် မတ်ထားမှသာ ဦးဏှောက်က ပိုမှတ်နေပေါတယ်။ လိုအပ်ပါက ခန္ဓာကိုယ်ကို ရှေ့ကို နဲနဲစိုက်ထားပါ။
(၉) စာဖတ်တဲ့ စာကြည့်စားပွဲပတ်ဝန်းကျင်သည် ရနံ့တို့နဲ့မွှေးပြန့်နေပါစေ။
(၁၀) ဦးဏှောက်သည် အောက်စီဂျင်အလွန်လိုအပ်သည့်အတွက် နားနေစဉ် လေ့ကျင့်ခန်းလုပ်ပေးပါ။ အပြင်ထွက်အသက်ရှူ လေ့ကျင့်ခန်းလုပ်ပါ။ လေများများရှူသွင်းပေးပါ။
(၁၁) ဦးဏှောက်သည်လည်း နေရာလွတ်လိုပါသည်။ အရာရာတိုင်း ပြည့်ကျပ်အောင်ထည့်ထားပါက အကျိုးမရှိပါ။
(၁၂) ဦးဏှောက်သည် သန့်ရှင်းသပ်ယပ်မှုကို အလွန်ကြိုက်နှစ်သက်ပါသည်။ စိတ်ကြည်နေပါက မှတ်ဥာဏ်ပိုကောင်းပါသည်။
(၁၃) Stress များသည်မှတ်ဥာဏ်ကိုပျက်စီးစေနိုင်ပါသဖြင့် Stress များကို တတ်နိုင်သမျှလျှော့ချပါ။
(၁၄) ဒါကို ငါမလုပ်နိုင်ဟုမတွေးပါနှင့်။ I can do it. လို့ မိမိကိုယ်မိမိ အားပေးပါ။
(၁၅) ဦးဏှောက်ကို လေ့ကျင့်ခန်းလုပ်ပြီး ကြွက်သားများကို ဖြေလျော့ပေးပါ။
(၁၆) ဦးဏှောက်သည် ထပ်ကာ ထပ်ကာ ဆောင်ရွက်ခြင်းကို သဘောကျသည့်အတွက် အရာရာကို ထပ်ကာ ထပ်ကာပြန်ဖတ် ပေးပါ။
(၁၇) ဦးဏှောက်သည် ရွေ့လျားနေတာကို ပိုကြိုက်သည့်အတွက် လက်ချောင်း (သို့) ခံတံတစ်ခုခုကိုသုံးပြီး စာကြောင်းများပေါ် ရွေ့လျားကာ မျက်လုံးကို ဦးဆောင်ပြီးဖတ်ပါက ဦးဏှောက်မှတ်ဥာဏ်ပိုကောင်းလာပါလိမ့်မည်။
(၁၈) တနေရာတည်းတွင် ထိုင်ပြီးဖတ်နေခြင်းထက် မတ်တတ်ရပ်ဖတ်ပါ။ လမ်းလျှောက်ဖတ်ပါ။
(၁၉) ဦးဏှောက်သည် ကွင်းဆက်များဖြင့်မှတ်သားခြင်းကို ပိုနှစ်သက်ပါသည်။
ဥပမာ- မင်းကွန်းခေါင်းလောင်းအလေးချိန် (မမင်းဖြူမှန်မှန်ပြော)
(၂၀) ပျော်ပျော်နေပါ။
(မဂ္ဂဇင်း ဆောင်းပါးတစ်ခုမှ မှတ်စုယူထားခြင်းဖြစ်ပါသည်။ မဂ္ဂဇင်းအမည်၊ ထုတ်ဝေသည့်လ၊ စာရေးသူနှင်း ဆောင်းပါးအမည်များ ဖော်ပြနိုင်ခြင်းမရှိသည့်အတွက်တောင်းပန်ပါသည်)

No comments:

Post a Comment