



ဒီနေ့ Sangmyung University က ပါမောက္ခဆရာမ Dr. Nayoun Park ရဲ့ Sponsor ကြောင့် ဆိုးလ်အနီးတ၀ိုက်မှာရှိတဲ့ တက္ကသိုလ်တွေမှာတက်နေတဲ့ မြန်မာကျောင်းသားတွေရဲ့တွေ့ဆုံပွဲလေးတစ်ခု ဖြစ်မြောက်ခဲ့ပါတယ်။ အဓိက ဆော်သြပေးသူကတော့ ပါရဂူကျောင်းသား ကိုရဲမင်းဟိန်းဖြစ်ပါတယ်။ သူ့ရဲ့ organize လုပ်မှုနဲ့အတူ အချိန်ကလဲ Midterm exams တွေပြီးကာစ Final Exams တွေအတွက် အရှိန်စယူ ကာစဆိုတော့ လက်လှမ်းမှီရာ သိသမျှကို ဖုန်းနဲ့တစ်မျိုး အီးမေးလ်နဲ့တစ်သွယ် ဖိတ်ကြားထားတဲ့အထဲက တက်ရောက်တဲ့သူ ၂၀ ကျော် တက်ရောက်ခဲ့ပါတယ်။ Seoul National University, Korea University, Yeonsei University, Ewha Womans University, Soghan University စတဲ့ကျောင်းတွေက ကျောင်းသူ ကျောင်းသားတွေပါ။ ကျောင်းသူတွေဘဲများပြီး ကျောင်းသားထဲကတော့ အင်ဂျင်နီယာဘက်က ပါရဂူကျောင်းသား နှစ်ယောက်ဘဲပါလို့တောင် ဆရာမက မိန်းကလေးတွေဘဲများတယ်နော် ယောက်ကျားလေးနဲလိုက်တာလို့ တောင်ပြောနေပါသေးတယ်။ ရှိတော့ရှိပါတယ် နယ်ဘက်မှာလဲ ရောက်နေကြလို့ပါ အင်း . . . ဒါပေမယ့် ပညာသင်ဆုရတဲ့အချိုးကလည်း မိန်းကလေးတွေချည်းဘဲများသား နော်။ နောက်နှစ်တွေမှာ ပညာသင်ဆုလျှောက်တဲ့အခါ ရကြတဲ့အခါ ဒို့ဗမာယောက်ကျားလေးတွေများများ ပါလာပါစေဆုတောင်းရင်းနဲ့ဘဲ . . .