"မိတ်ဆွေ သူငယ်ချင်းများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဒီစာမျက်နှာလေးမှ နွေးထွေးစွာကြိုဆိုလိုက်ပါတယ်"
Friday, April 1, 2011
ဆီးချိုသွေးချိုအကြောင်းသိကောင်းစရာ
ကိုရီးယားကို နံမည်ကြီးဆရာတော်ကြီးတစ်ပါးကြွလာမှာမို့ ကိုရီးယားအစားအစာဘုန်းမပေးနိုင်လို့ မြန်မာအစားအစာလေးတွေ ချက်ပြီးကပ်ပေးနိုင်မလား မေးလာတာနဲ့ အပျံစားချက်တတ်လို့ တော့မဟုတ်ပေမယ့် ကိုယ့်ဆီတည့်တည့်ရောက်လာတဲ့ အခွင့်အရေးမို့ လက်မလွတ်ရအောင် ကျောင်းဖွင့်နေပေမယ့် အတန်းတွေနဲ့ မအားတဲ့ကြားကပဲ တာဝန်ယူလိုက်ပါတယ်။ နောက်မှသိရတာက ဆရာတော်ကြီးက သက်တော် ၇၀ ကျော်နေပြီး ဆီးချိုသမားမို့ သတ်သတ်လွတ်ပဲဘုန်းပေးတယ်ဆိုတော့ ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လို ဆွမ်း ခဲဘွယ်တွေ ချက်ကပ်ရပါ့မလည်း တော်တော်ဦးဏှောက် ခြောက်သွားခဲ့ပါတယ်။ ချက်တတ်တဲ့ သူငယ်ချင်းတွေနဲ့ စင်္ကာပူမှာနေတဲ့အစ်မတွေကို မေးပြီး ကိုယ်တိုင်လည်း အင်တာနက်မှာ လိုက်ရှာဖတ်လိုက်တာ ဒီရောဂါနဲ့ပါတ်သက်ပြီး တော်တော် ဗဟုသုတလေးတွေ ရသွားတာမို့ တစ်ဆင့်ပြန်လည်ဝေငှလိုက်ရပါတယ်။
ဆီးချိုရောဂါ ကို အင်္ဂလိပ် ဆေးပညာ စကားလုံးနှင့် Diabetes mellitus ဟု ခေါ်သည်။ ဆီးချိုရောဂါ သည် ခန္ဓာကိုယ်အတွင်းရှိ ဂလူးကိုစ့်ဓာတ်(Glucose) များနှင့် ပတ်သက်သော ဇီဝဓာတုမက်တာဘိုးလစ်ဖြစ်စဉ် (metabolism) တစ်ခု ကမောက်ကမ ဖြစ်သည့်အတွက် ဖြစ်ပေါ်ရသော ဝေဒနာစု တစ်ခု ဖြစ်ပါသည်။ ဆီးချို ရောဂါ ဖြစ်လေ့ရှိသော အကြောင်းရင်းနှစ်ချက်မှာ (၁)မျိုးရိုးဗီဇ (Genetic )/မျိုးရိုးလိုက်ခြင်း (hereditary) နှင့် (၂)အနေအထိုင်ဘ၀ ပတ်ဝန်းကျင် တို့ ဖြစ်ပါသည်။
သွေးထဲက သကြားဓာတ် ပမာဏကို တက်စေခြင်းဖြင့် ဖြစ်ပေါ်လာသော အဓိကရောဂါ လက္ခဏာတွေကတော့
  1. ဆီးသွားတာများခြင်း၊
  2. ဆီးသွားများလို့ ရေငတ်ခြင်း ရေအများအပြားသောက်ခြင်း၊
  3. အမြင်အာရုံ ကျဆင်းေ၀၀ါးခြင်း၊
  4. အကြောင်းမဲ့ ပိန်ခြင်း၊
  5. မအီမသာဖြစ်ခြင်း နဲ့
  6. အခြားလက္ခဏာတွေ ပဲဖြစ်ပါတယ်။
ဆီးချို-သွေးချိုရောဂါ Diabetes mellitus (Diabetes) ဆိုတာ အကြမ်းအားဖြင့် ၃ မျိုးရှိပါတယ်။
• အမျိုးအစား (၁) ကိုယ်ခန္ဓာကနေ အချိုဓါတ်ကို ထိန်းညှိပေးတဲ့ သရက်ရွက်ကနေ ထုတ်ပေးရမဲ့ Insulin ဟော်မုန်း မထုတ်နိုင်တာ။ ငယ်သူတွေမှာ ဖြစ်တယ်။
• အမျိုးအစား (၂) (အင်စူလင်) ဟော်မုန်းကို ခံနိုင်ရည်ဖြစ်နေတာ။
• အမျိုးအစား (၃) ကိုယ်ဝန်ဆောင်နေတုံး ဖြစ်တာ။ မွေးရာပါဆီးချို၊ Cystic fibrosis ရောဂါနဲ့တွဲတာ၊ Steroid ဆေးကြောင့်ဖြစ်တာ၊ စသဖြင့် ရှိသေးတယ်။
(၁) နဲ့ (၂) က နာတာရှည်ဖြစ်ပြီး၊ လုံးဝပျောက်တယ်ဆိုတာ မရှိပါ။ (၃) ကတော့ မွေးပြီး ကောင်းသွားတာ များတယ်။ နောက်မှာ အမျိုးအစား (၂) ဖြစ်သွားတတ်တာလဲ ရှိတယ်။
ဆီးချိုကို မကုဘဲထားရင် ရုတ်တရက် သကြားဓါတ် နည်းလွန်းသွားတာ နဲ့ သတိလစ်တာက ရုတ်တရက်ဖြစ်တာတွေပါ။ ရေရှည်ဖြစ်နိုင်တာတွေက နှလုံး-သွေးကြောရောဂါ၊ ကျောက်ကပ် အလုပ်မလုပ်တာ၊ မျက်စိထိခိုက်တာတွေ ဖြစ်နိုင်တယ်။
ဆီးချိုကိုကုတာမှာ သွေးတိုး (သွေးဖိအားများ) တာ၊ ကိုယ်အလေးချိန်ချတာ၊ ဆေးလိပ်ဖြတ်တာတွေနဲ့ တွဲလုပ်ရမယ်။ ကုသရတာ ရေရှည်ပါ။ သွေးထဲက အချိုဓါတ်ကို ပုံမှန်မှာ ရှိနေအောင် လုပ်ပေးနေရတာ ဖြစ်ပါတယ်။
အစားအသောက်ထိန်းတာ နဲ့ ဆေးပေးတာက မလုပ်မနေလုပ်ရပါမယ်။ ဆေးမှာ အမျိုးအစား (၁) ကို (အင်စူလင်) ထိုးဆေး၊ (၂) ကို စားဆေး နဲ့ လိုသေးရင်တော့ ထိုးဆေး ပေးရတယ်။ တချိန်တည်းမှာ လူနာကို ဆီးချိုအကြောင်း သိအောင် ပညာပေးရပါမယ်။ လေ့ကျင့်ခန်းလုပ်ဘို့၊ (ကိုလက်စထော) ချဘို့တွေပါ လုပ်ရမယ်။ ဒီလိုလုပ်တာ Lifestyle နေထိုင်မှုဘ၀ကိုပါ ပြောင်းစေရတာ ဖြစ်ပါတယ်။
အုပ်စု(၁) လုံးဝရှောင်ရမည်. အစားအစာများ
သကြားနှင်. သကြားပါဝင်သော အစားအသောက်အားလုံးကို လုံးဝရှောင်ရမည်၊သကြား၊ ၈လူးကို.စ်၊ကြံသကာ ၊ထန်းလျက်၊ယိုအမျိုးမျိုး ၊ချိုချဉ်၊ ချောက်လက်၊ အိုက်စ်ကရင်၊ လမုန်.၊ထိုးမုန်.၊ မလိုင်မုန်.၊ ကိတ်မုန်.
၊အဖျော်ယမကာ အမျိုးမျိုး ၊စည်သွပ်သီး အမျိုးမျိုး ၊အချိုလွန်သော ဘီစကစ်၊ ပေါင်မုန်.၊ကိတ်မုန်.၊ ချိုသောအသီးအနှံများ၊ ဥပမာ - ဖရဲသီး ၊နာနတ်သီး၊ သရက်သီး၊ သကြား၊နို.ဆီ၊ နို.မှုန်.၊ကော်ဖီမစ် တို.နှင်. ဖျော်သော ကော်ဖီ၊လက်ဖက်ရည်။
အုပ်စု(၂) ကန်.သတ်ရန်မလိုသော အစားအစာများ (ကြိုက်သလောက်စား)
(က) စိမ်းစိုသော ဟင်းရွက်အမျိုးမျိုး
ဘူးရွက်၊ ကန်စွန်းရွက်၊ မန်ကျည်းရွက်၊ ချဉ်ပေါင်ရွက်၊ ဆူးပုပ်ရွက်၊ မြင်းခွာရွက်၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပွင်.၊ ပန်းမုန်လာ၊ ကိုက်လန်ရွက်၊ မုန်ညှင်းရွက်။
(ခ) မချိုသော အသီးအမြစ်များ
ခရမ်းချဉ်သီး၊ သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး၊ မျှစ်၊ မုန်လာဥဖြူ၊ဘူးသီး၊ ဂေါ်ရခါးသီး၊ ခရမ်းသီး၊ ကင်းပုံသီး၊ခ၀ဲသီး၊ ရုံးပတီသီး ၊ ဂွေးချိုသီး၊ သလဲသီး။
(ဂ) သားငါးများ
ကြက်၊ဘဲ၊ ဆိတ်၊ အမဲ ၊၀က်၊ ငါး၊ ပုစွန်၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ။
(ဃ) ကော်ဖီ ၊လက်ဖက်ရည်
နွားနို.အစစ်နှင့် ဖျော်ပြီး ဆက်ကရင်နှင့် အချိုတုများနှင်.ဖျော်သော ကော်ဖီ၊ လက်ဖက်ရည် တို.ကို သောက်သုံးနိုင်ပါသည်။
သကြား၊ နို.ဆီ ၊ နို.မှုန်. လုံးဝ(လုံးဝ)မသုံးရ။
အုပ်စု(၃) သင်.တင်.သော အတိုင်းအတာအထိသာ စားသင်.သော အစားအစာများ (လျော.စား)
အုပ်စု (၃) အစားအသောက်များသည် ကစီဓတ် (ခေါ်) ကာဘို
ဟိုက်ဒြိတ် ဓတ် အများဆုံးပါရှိသည်။ မိမိနှင်. သင်.တင်သော တစ်နေ.အတွက် ကစီဓာတ်
ယူနစ်ပမာဏ ကို ဆရာဝန်နှင့် တိုင်ပင်ရန် လိုအပ်ပါသည်။
(က) ဆန်နှင့် ပြုလုပ်သောအစားအစာများ
ထမင်း၊ ဆန်ပြုတ် ၊ မုန်.တီ ၊ မုန်.ဟင်းခါး၊ ဆန်ခေါက်ဆွဲ ၊ကောက်ညှင်း။
(ခ) ဂျုံနှင့် ပြုလုပ်သော အစားအစာများ
မချိုသောပေါင်မုန်. နှင်. ဘီစကစ်၊ ခေါက်ဆွဲ ၊နံပြား၊ဂျပါတီ၊ ပူရီ ။အီကြာကွေး၊ ထပ်တရာ၊ ပလာတာ။
(ဂ) ကစီဓာတ်များသော အသီးနှင်.ဥများ
အာလူး၊ ရွှေဖရုံ၊ ကန်စွန်းဥ၊ ပိန်းဥ၊ ခါကြက်ဥ၊ ပဲအမျိုးမျိုး၊ လိမော်သီး၊ ငှက်ပျောသီး၊ မလကာသီး၊ စိမ်းစားဥ ။
ဆီးချိုဝေဒနာရှင်များလည်း အသက်ဥာဏ်စောင့်ပြီး အသက်ရာကျော်ရှည်နိုင်ကြပါစေလို့ ...
အီဟွာသူ
April 1, 2011
11:30 pm
(ကိုးကားဘလော့များ -- အလင်းစေတမန်၊ စိုးမိုးကျော်၊ wikimyanmar, http://www.myanmar-ccg.org/)